မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် မြန်မာ့လက်ရွေး စင်အမျိုးသမီးအသင်းနှင့်
ဟောင်ကောင်အသင်းတို့၏ ခြေစမ်းပွဲကို အောက်တိုဘာ (၂၃)ရက်နှင့်(၂၆)ရက်တို့တွင်
နှစ်ကျော့ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ခြေစမ်းပွဲကို ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်းနှင့် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် ယှဉ်ပြိုင် ကစားရန် စီစဉ်ထားကြောင်း MFF က အသိပေးထားသည်။
ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အောက်တိုဘာ(၆)ရက် နံနက်ပိုင်းမှစတင်၍ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် ဟောင်ကောင်လက်ရွေး စင် အမျိုးသမီးအသင်းတို့ နောက်ဆုံး တွေ့ဆုံခဲ့သည့်ပွဲမှာ တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲတွင် ဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင် သွင်းယူသည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိထားသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး ယူကီ တက်ဆုရို၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးန ည်းပြအဖြစ် ဦးစိန်အေးတို့က ကိုင်တွယ်လျက်ရှိပြီး လက် ရွေးစင်အသင်းများ အဆောင်တွင် ကစားသမား (၂၈) ဦးဖြင့် စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာခြေစမ်းပွဲများ ကစားသွားမည့်အပြင် ပြည်ပ နိုင်ငံများသို့လည်း လေ့ကျင့်ရေး ခြေစမ်းခရီးစဉ်များ သွားရောက်ရန် လည်း စီစဉ်ထားကြောင်း သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အ တွေ့အကြုံရှိ ကစားသမားများအပြင် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ခြေစွမ်းပြကစားခဲ့သည့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်း ရွေးချယ်ထားကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
