Top News

မော်ရင်ဟိုမှာ ထိပ်တန်းအဆင့်နည်းပြအဖြစ် ရှိနေဆဲဖြစ်ကြောင်း အာတီတာ ပြောကြား
24htopnews | October 7, 2024 2:12 PM CST

အာဆင်နယ်အသင်းနည်းပြ အာတီတာက မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းနည်းပြ မော်ရင်ဟိုမှာ ကမ္ဘာ့ထိပ်တန်းအဆင့် နည်းပြအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)အပြီးတွင် ရမှတ် (၅၀)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေပြီး စပါးအသင်းမှာ ရမှတ် (၄၉)မှတ်ဖြင့် အဆင့် (၉) နေရာ၌ ရပ်တည်နေသည်။ 

စပါးအသင်းသည် ဘုန်းမောက်နှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် ဂိုးပေါက်တည့်ကန်ချက်မရှိခဲ့ဘဲ ကစားပုံဆိုးရွားခဲ့သလို၊ ရလဒ်ဆိုးရွားမှုများကြောင့် နည်းပြ မော်ရင်ဟို၏ အရည်အချင်းကို မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။ 

မော်ရင်ဟိုအနေဖြင့် စပါးအသင်းတွင် ရုန်းကန်နေရသော်လည်း ၎င်းမှာ ထိပ်တန်းနည်းပြအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း အာတီတာ စပါးနှင့်ပွဲကြိုအတွက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

သတင်းထောက်များက မော်ရင်ဟိုမှာ ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရှိနေဆဲလားဟု အာတီတာအား မေးမြန်းခဲ့ရာ ၎င်းက "သေချာတာပေါ့ဗျာ။ သူ့နည်းပြဘဝမှာ အတက်အကျတွေ ရှိပေမယ့် အားလုံးခြုံကြည့်လိုက်မယ်ဆိုရင် သူဟာ ဘယ်လိုနည်းပြမျိုးလဲဆိုတာ ခင်ဗျားတို့ (သတင်းထောက်များ) ကောင်းကောင်း သိပါတယ်။ မော်ရင်ဟိုဟာ စပါးအသင်းကို အကောင်းဆုံးတည်ဆောက်ပြီး နိုင်ပွဲတွေရယူဖို့ ကြိုးစားနေပါတယ်။ မော်ရင်ဟိုအနေနဲ့ စပါးအသင်းကို ကိုင်တွယ်ခွင့်ရတဲ့အချိန်က အချိန်ကောင်းမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ စပါးအသင်းမှာ သူ အောင်မြင်မယ်လို့ ကျွန်တော် ပြောရဲပါတယ်"ဟု ပြောကြားခဲ့သည်။ 

စပါးနှင့် အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေသည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ဇူလိုင်လ (၁၂)ရက်တွင် စပါးအသင်း၏ အိမ်ကွင်းဖြစ်သည့် Tottenham Hotspur Stadium ၌ ကစားမည်ဖြစ်ပြီး နှင်းသင်းစလုံးအတွက် ဂုဏ်သိက္ခာပိုင်းသာမက ဥရောပဝင်ခွင့်အတွက်ပါ အရေးပါသည့်ပွဲစဉ်ဖြစ်သည်။


READ NEXT
Cancel OK