Top News

ရီးယဲလ်နှင့်ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အာရုံစိုက်ထားကြောင်း ဂွါဒီယိုလာ ဆို
24htopnews | October 7, 2024 2:12 PM CST

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အနေဖြင့် ရီးယဲလ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အပြည့်အဝအာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ရီးယဲလ်အသင်းကို အဝေးကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရထားသဖြင့် ကွာတားဖိုင်နယ်တက်ရောက်ရန် ရေပန်းစားနေသည်။ 

သို့သော် ဂွါဒီယိုလာက ရီးယဲလ်အသင်းကို လျှော့တွက်ပါက ပြိုင်ပွဲမှထွက်ခွာသွားနိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာက "မန်စီးတီးအသင်းမှာ ရီးယဲလ်အသင်း အကြောင်းကို ကျွန်တော့်ထက် သိတဲ့သူ မရှိပါဘူး။ ရီးယဲလ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို လွှမ်းမိုးထားတဲ့ အသင်းပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရီးယဲလ်နဲ့ ကစားမယ့်ပွဲစဉ်ကို အပြည့်အဝအာရုံစိုက်ထားဖို့ လိုပါတယ်။ ရီးယဲလ်ပွဲကို ကျွန်တော်တို့ အာရုံစိုက်ထားရမှာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဘုရင်နဲ့ ကစားမယ့်ပွဲကို ကျော်ပြီး နောက်တစ်ဆင့်အတွက် တွေးနေမယ်ဆိုရင်တော့ သူတို့က ကျွန်တော်တို့ကို ပြိုင်ပွဲကနေ ထုတ်ပစ်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် သြဂုတ်လ (၇)ရက်တွင် ရီးယဲလ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ 

မန်စီးတီးအသင်းအနေဖြင့် ရီးယဲလ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့မည်ဆိုပါက ကွာတားဖိုင်နယ်အဆင့်တွင် လိုင်ယွန်-ဂျူဗင်တပ်စ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK