စပါးအသင်းသည် နာပိုလီအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ပိုလန်တိုက်စစ်မှူး မီလစ်ခ်ကို ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၂၆)နှစ်အရွယ်ရှိ မီလစ်ခ်သည် ၂၀၂၁၊ ဇွန်လတွင် နာပိုလီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့်သူဖြစ်ပြီး အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်ထားကြောင်း သိရသည်။
နာပိုလီနည်းပြ ဂတ်တူဆိုကလည်း မီလစ်ခ်ကို အသင်းတွင်ဆက်ထိန်းထားလိုသော်လည်း ကစားသမား၏ဆန္ဒက ပိုအရေးကြီးကြောင်း ပြောကြားသည်။
နာပိုလီအသင်းမှ ထွက်ခွာလိုနေသည့် မီလစ်ခ်အား ခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုသည် တိုက်စစ်ပိုင်းတွင် ဟာရီကိန်း ဒဏ်ရာရပါက အသုံးပြုရန်အတွက် မီလစ်ခ်ကို အလိုရှိနေခြင်းဖြစ်ပြီး မီလစ်ခ်အတွက် အသင်းတောင်ပံကစားသမား လူကပ်စ်မော်ရာကို အလိုက်ပေးကမ်းလှမ်းသွားရန်ပင် ဆန္ဒရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
