Top News

ဆန်ချို ထွက်ခွာခဲ့ပါက အစားထိုးနိုင်ရန် ကစားသမားသစ် ရှာဖွေနေကြောင်း ဒေါ့မွန်အားကစားဒါရိုက်တာ ဆို
24htopnews | October 7, 2024 2:12 PM CST

ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့် စွာထွက်ပေါ်နေသော အသင်းကြယ်ပွင့် ဆန်ချိုသာ အမှန်တကယ်ထွက်ခွာခဲ့ပါက အစားထိုးနိုင်ရန် ကစားသမားသစ်များ ရှာဖွေနေကြောင်းပြောကြားခဲ့သည်။ 

အသက် (၂၀)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြကစားနေခြင်းကြောင့် ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရပြီး မန်ယူအသင်းက ၎င်းကိုခေါ်ယူရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ 

မိုက်ကယ်ဇော့က "ဂျေဒန်(ဆန်ချို)သာ ထွက်ခွာခဲ့ရင် ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ တစ်စုံတစ်ခုလုပ်ဖို့ လိုအပ်ပါပြီ။ အခုအချိန်မှာ ဒီအတွက် ကျွန်တော်တို့ ပစ်မှတ်ထားနေတဲ့ ကစားသမား(၁)ယောက်၊ (၂)ယောက် ရှိပါတယ်"ဟု ဆိုခဲ့သည်။ 

ဆန်ချိုသည် ဒေါ့မွန်အသင်းအတွက် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် (၁၇)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၆) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။ 

ဒေါ့မွန်အသင်းသည် ဆန်ချိုအား လက်လွှတ်လိုခြင်းမရှိသော်လည်း ယူရိုသန်း(၁၂၀)ခန့် ရရှိပါက ရောင်းချဖွယ်ရှိနေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 


READ NEXT
Cancel OK