ပြီးခဲ့သည့်ဂျူဗင်တပ်စ်အသင်းနှင့်ပွဲ၌ ပယ်နယ်တီ(၂)ကြိမ်ပေးခဲ့ရပြီးနောက် အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီက စည်းမျဉ်းဥပဒေများအထက်တွင် လူအချို့ရှိနေသည်ဟု ဝေဖန်ခဲ့သည်။
အတ္တလန်တာအသင်းသည် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့သလို၊ ပွဲပြီးဆုံးခါနီးအချိန်အထိ (၂-၁)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ် ပယ်နယ်တီပေးခဲ့ရသောကြောင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။
အတ္တလန်တာအသင်းသည် လက်ထိဘောများကြောင့် ပယ်နယ်တီ(၂)ကြိမ်ပေးခဲ့ရခြင်းဖြစ်ပြီး ဂတ်စ်ပါရီနီက အီတလီတွင် လက်ထိဘောကြောင့် ပယ်နယ်တီပေးရသည့်ဖြစ်စဉ်များမှာ ရှုပ်ထွေးနေကြောင်း ပြောကြားခဲ့သည်။
ဂတ်စ်ပါရီနီက ''စည်းမျဉ်းဥပဒေတွေရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အီတလီမှာက စည်းမျဉ်းဥပဒေတွေရဲ့အထက်မှာ လူတချို့ရှိနေတယ်။ လက်မောင်းတွေကို ဘယ်နေရာမှာ ထားရမလဲ။ များသောအားဖြင့် ခန္ဓာကိုယ်ရဲ့အရှေ့ဘက်မှာ ထားနိုင်တယ်မဟုတ်လား။ ပထမပယ် နယ်တီပေးခဲ့ရတာဟာ မဖြစ်သင့်ပါဘူး။ ဒီရာသီမှာ အသင်းများစွာဟာ အဲဒီလိုမျိုးပယ်နယ်တီ ပေးနေ ရပါတယ်။ ရူးချင်စရာကောင်းပြီး ရှုပ်ထွေးတဲ့စည်း မျဉ်းတွေပါပဲ။ အဲဒီစည်းမျဉ်းတွေက ပုံသေလည်း မရှိဘူး။ တခြားနိုင်ငံမှာ ဒီလိုပယ်နယ်တီပေးရတာမျိုး မမြင်ဖူးဘူး''ဟု ပြောကြားခဲ့သည်။
ဂတ်စ်ပါရီနီက ပယ်နယ်တီ(၂)ကြိမ်ပေးခဲ့ရသဖြင့် စိတ်ပျက်ဒေါသထွက်မိသော်လည်း အတ္တလန်တာအသင်းကစားပုံကို ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်။
ဂတ်စ်ပါရီနီက ''စီးရီးအေချန်ပီယံဆု ရယူနိုင်ဖို့ နီးစပ်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဂျူဗင်တပ်စ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်လို့ ကျေနပ်ရပါတယ်။ စီးရီးအေပွဲတွေကိုလည်း ချန်ပီယံလိဂ်ပွဲလို မှတ်ယူ ပြီးကစားဖို့ ကျွန်တော့်အသင်းသားတွေကို မှာထားပါတယ်။ ဘာလို့လဲဆိုရင် လာမယ့်သြဂုတ်လဆိုရင် ဂျူဗင်တပ်စ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရတော့မှာ မဟုတ်လား။ ကျွန်တော်တို့အသင်းက ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နောက်ထပ်နည်းနည်းပဲ ကြိုးစားရပါတော့မယ်။ လာဇီယို၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်တို့လိုအသင်းတွေကို ယှဉ်ကစားလာနိုင်ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ချန်ပီယံဆုကို လာမယ့်ရာသီတွေမှာလည်း မမျှော်လင့်သေးပါဘူး''ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနှင့်ပွဲအပြီးတွင် အတ္တလန်တာအသင်းသည် စီးရီးအေပွဲ(၂၀)ဆက် ဂိုးသွင်းနိုင်သည့်မှတ်တမ်းကို ၁၉၅၅-၅၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ပိုင်ဆိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
