ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရှက်ဖီးယူနိုက်တက်အသင်းအား အဝေးကွင်း၌ (၀-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ယင်းပွဲမှ သင်ခန်းစာများစွာရရှိခဲ့ကြောင်း၊ ယင်းပွဲကို မိမိ မေ့ဖျောက်ပစ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လမ်းပတ်က ယင်းပွဲတွင် ကစားခဲ့သောချယ်လ် ဆီးကစားသမားများ၏ ခြေစွမ်းမှာလည်း ပုံမှန်အောက်တွင်သာရှိကြောင်း သတိပေးပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယင်းပွဲတွင် ပထမပိုင်းအပြီးမှာပင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းက မိမိအသင်းထက် ပိုကောင်းသည့်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း လမ်းပတ်ကပြောကြားခဲ့သည်။
''သူတို့ (ရှက်ဖီးယူနိုက်တက်အသင်း)ဟာ ကျွန်တော်တို့အသင်းထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုကောင်းသလို၊ စိတ်ပိုင်းဆိုင်ရာအရလည်း ပိုကောင်းပါတယ်။ နောက်ပြီး ဘောလုံးကိုလည်း အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ထက်ပိုပြီး ကြံ့ ခိုင်ခဲ့ပါတယ်။ ပရိသတ်မရှိတာကြောင့် ကွင်းထဲကအသံတွေကို ကောင်းကောင်းကြားခဲ့ရပါတယ်။ ကျွန်တော် ကြားခဲ့တာကတော့ ရှက်ဖီးယူနိုက်တက်အသင်းရဲ့အသံတွေပါပဲ။ တစ်သင်းလုံး ပုံမှန်ခြေစွမ်းအောက်သာရှိတဲ့ပုံစံမျိုးနဲ့ ဒီကွင်းကို လာခဲ့မယ်ဆိုရင်တော့ ဒီလိုအဖြစ်မျိုးနဲ့ပဲ ကြုံတွေ့ရမှာပါ။ ကျွန်တော် ဒီနေ့ပွဲမှာ သင်ခန်းစာများစွာ ရခဲ့ပါတယ်။ ဒါတွေကို ကျွန်တော် မေ့ပစ်မှာမဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးနဲ့ဆို ကျွန်တော်တို့အသင်းဟာ အဆင့်(၄)ပြင်ပကို ရောက်သွားနိုင်ပါတယ်။ ဒီထက်ပိုပြီး ကျွန်တော် စိုးရိမ်တာကတော့ အသင်းရဲ့ခြေစွမ်းပါပဲ''ဟု လမ်းပတ်က ပြောကြားခဲ့သည်။
လမ်းပတ်၏ ပြောစကားအရ ချယ်လ်ဆီးကစားသမားများ၏ ခြေစွမ်းအပေါ် ၎င်းအနေဖြင့် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလ၌ အသင်းကို ကြီးမားသည့်ပြင်ဆင်မှု ပြုလုပ်နိုင်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များတွင် နောဝစ်ချ် (အိမ်)၊ လီဗာပူးလ်(အဝေး)၊ ဝုလ်ဗ်(အိမ်)အသင်းများနှင့် ကစားရမည်ဖြစ်ပြီး FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မန်ယူအသင်းနှင့်ကစားရမည်ဖြစ်သည်။
လမ်းပတ်က ယင်း(၄)ပွဲတွင် ယခုပုံစံမျိုးနှင့်ကစား၍ မရနိုင်ကြောင်း ဝန်ခံခဲ့ပြီး ထိပ်ဆုံး(၄)သင်းမျှော်လင့်ချက်အတွက် ကစားသမားများအနေဖြင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
