ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၁) ဘန်လေပွဲတွင် လီဗာပူးလ်အသင်း ပယ်နယ်တီမရရှိခြင်းအတွက် နည်းပြ ယာဂန်ကလော့ပ်နှင့် နောက်ခံလူ ရောဘတ်ဆန်တို့သည် ဒိုင်များအား စိတ်ဆိုးဒေါသထွက်ခဲ့ပြီး ပွဲအပြီးတွင် ရင်ဆိုင်စကားများခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ယင်းပွဲတွင် လီဗာပူးလ်အသင်းအတွက် ရောဘတ်ဆန်က ပွဲချိန်(၃၄)မိနစ်တွင် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲချိန် (၆၉)မိနစ်တွင် ဘန်လေအသင်းအတွက် တိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်က ချေပဂိုးသွင်းယူခဲ့၍ ပွဲအပြီးတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။
ယင်းပွဲ၏ ပွဲချိန်(၈၄)မိနစ်တွင် ဘန်လေအသင်း ဂိုးဧရိယာထဲသို့ ထိုးဖောက်လာသော ရောဘတ်ဆန်ကို ဘန်လေကွင်းလယ်လူ ဂူမန်ဆန်က ကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ရာ ရောဘတ်ဆန်မှာ လဲကျခဲ့သည်။
ယင်းဖြစ်ရပ်ကို ကွင်းလယ်ဒိုင် ဒေးဗစ်ကူတီက ပယ်နယ်တီအဖြစ် သတ်မှတ်ခြင်းမရှိ၍ လီဗာပူးလ်ကစားသမားများမှာ ပွဲချိန်အတွင်းတွင်လည်း ဒိုင်လူကြီးကို စောဒကတက်ခဲ့ကြသည်။
ပွဲအပြီးတွင် ကွင်းအတွင်းမှ ထွက်ခွာလာသော ဒိုင်များကို ရောဘတ်ဆန်က ဒေါသတကြီးဖြင့် ရင်ဆိုင်ရန်တွေ့ခဲ့ပြီး သူ၏ပြောဆိုမှု၌ ရိုင်းပျသည့်စကားလုံးများ ပါဝင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဗြိတိန်သတင်းစာ Daily Mail က ရောဘတ်ဆန် သည် ဒိုင်လူကြီးကို ''F''ဖြင့်စသော စကားလုံးများဖြင့် ဆဲဆိုပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရောဘတ်ဆန်က ''ဒါကို ပယ်နယ်တီလို့ မသတ်မှတ်တာ ကျက်သရေမရှိတာပဲ။ ဒီ F***ဟာ ဘာလို့ ပယ်နယ်တီမဖြစ်ရတာလဲ။ ခင်ဗျားက ဘာ F*****ကိုမှ မတွေ့မြင်ခဲ့ဘူး''ဟု ပြောကြားခဲ့ကြောင်း Daily Mail သတင်းစာက BT Sports ရုပ်သံ၏ ရိုက်ကူးမှုကို အခြေခံကာ ပြန်လည်ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းသည် ယင်းပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းကြောင့် ယခုရာသီတွင် အိမ်ကွင်းပွဲစဉ်အားလုံးကို အနိုင်ရရှိသည့်စံချိန် ကျိုးပျက်သွားခဲ့ပြီး အိမ်ကွင်းတွင် ပထမဆုံးအနေဖြင့် ပရီးမီးယားလိဂ်ရမှတ် လျော့ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
