စပါး ၂-၁ အာဆင်နယ်
မော်ရင်ဟိုက အာဆင်နယ်ဆိုရင် ဒုက္ခပေး နေကျအစဉ်အလာကို ဆက်ထိန်းသွားခဲ့ပါတယ်။ ပွဲချိန်တစ်လျှောက်လုံးမှာ အာဆင်နယ်က မိနစ် (၇၀)လောက် ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီး စပါးက မိနစ် (၂၀)လောက်ပဲ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ စပါး တကယ်ကောင်းခဲ့တဲ့ မိနစ်တွေက တစ်ပွဲလုံးမှာ အာဆင်နယ်ကစားခဲ့တဲ့ ခြေစွမ်း၊ အရည်အသွေးထက် ပိုကောင်းပြီး Transition တွေ အလုပ်ဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒါကြောင့် အာဆင်နယ် ခြေသာသလို၊ စပါးရဲ့ချေပဂိုးကိုလည်း အာဆင်နယ်ရဲ့ခံစစ်အမှားကြောင့် ရခဲ့တယ်ဆိုရင်တောင် စပါးက ဒီနိုင်ပွဲနဲ့ ထိုက်တန်တယ်လို့လည်း ပြောရမယ်။
အာဆင်နယ်ရဲ့ ကစားပုံကိုလည်း ချီးကျူးရမယ်။ အာဆင်နယ်ရဲ့ တောင်ပံခံစစ်က တီယာနေး၊ ဘယ်လာရင်တို့က စပါးခံစစ်တောင်ပံတွေထက် ပိုအလုပ်ဖြစ်ခဲ့တယ်။ အော်ရီယေးရဲ့အားနည်းချက်တွေက ခံစစ်မှာလည်းမြင်ရတယ်။ တိုက်စစ်မှာလည်း မြင်ရတယ်။ မော်ရင်ဟိုလည်း အစားထိုးစရာလူမရှိလို့ သုံးနေတယ်ထင်တယ်။ လာမယ့်ရာသီတော့ ဒီနေရာက လဲကိုလဲရမယ့်နေရာဖြစ်တယ်။ စီဘယ်ယော့စ်က အာဆင်နယ်ကွင်းလယ်ရဲ့ အင်ဂျင်တစ်လုံးဖြစ်လာပြီး ဂန်ဒူဇီထက်အပြတ်အသတ်သာတဲ့ စွမ်းဆောင်ရည်ကို ပြတယ်။ ဒါ့အပြင် သူနဲ့ ချာကာအတွဲက အာဆင်နယ်ကွင်းလယ်အတွဲ အဖက်အမျိုးမျိုးထဲမှာ အကောင်းဆုံး၊ အငြိမ်ဆုံးလို့ ပြောရမယ်။ အာတီတာက နည်းဗျူဟာပို်င်းဆိုင်ရာ အပြောင်းအလဲထက် လူအပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်။ အတွေ့အကြုံရင့်တဲ့ စပါး နောက်ခံလူတွေကို ရင်ဆိုင်ဖို့အတွက် လူငယ်တွေကို ခေါက်ထားပြီး ၀ါရင့်ကစားသမားတွေနဲ့ တိုက်စစ်ကို တည်ဆောက်ခဲ့တာ သဘောကျတယ်။
တိုက်စစ်ကစားသမားတွေဆီကို ကွင်းလယ်လူတွေနဲ့ ခံစစ်တောင်ပံကစားသမားတွေက လိုက်ပါပံ့ပိုးပေးပြီး တက်ဆင်းကစားသွားတာ ဟန်ချက်ညီတာလည်း တွေ့ရတယ်။ စပါးကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့် Final Ball တွေက သိပ်အားမကောင်းခဲ့ဘူး။ အထူးသဖြင့် ပေပေက ဘောလုံးကို ခြေထောက်နဲ့ပဲ ကစားတတ်သူဖြစ်ပြီး ပိုမိုထိရောက်စွာအသုံးချနိုင်တဲ့ ညဏ်ရည်မရှိတာ အာဆင်နယ်နစ်နာပါတယ်။ အဖွင့်ဂိုးကို လာကာဇက်က (၁၆)မိနစ်မှာ ဂိုးဧရိယာအပြင်ကနေ လှလှပပသွင်းယူခဲ့ပြီး၊ စပါးရဲ့ချေပဂိုးကတော့ ကိုလာရှီနက်ရဲ့ မိုက်မဲတဲ့ပေးပို့မှုကြောင့်ပါပဲ။ ဆွန်ရဲ့ပြေးအားကို လူးဝစ်ဇ်မှမဟုတ်ဘူး၊ ခံစစ်ကစားသမား တော်တော်များများ လိုက်နိုင်ဖို့ မရှိပါဘူး။ ဆွန်က (၁၉)မိနစ်မှာ ချေပဂိုးသွင်းခဲ့ပြီး အယ်လ်ဒါဝီရယ်လ်က (၈၁)မိနစ်မှာ ထောင့်ကန်ဘောကနေ အနိုင်ဂိုးသွင်းယူခဲ့တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
