လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ အဖြစ် မနေ့က ဘန်လေအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။ လီဗာပူးလ်အသင်းသည် ဘန်လေအသင်းအား ဂိုးကန်သွင်းမှု ၂၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဆာလာတစ်ဦးတည်း အခွင့် အရေးခြောက်ကြိမ်ရရှိသော်လည်း ပထမပိုင်း ၃၄ မိနစ်တွင် နောက်ခံလူ ရောဘတ်ဆန် ခေါင်းတိုက်သွင်းယူသည့် တစ်ဂိုးတည်းသာ ရရှိခဲ့သည်။
လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က ဘန်လေအသင်းနှင့် သရေကျ သော်လည်း ရှုံးနိမ့်သလိုခံစားရပြီး မိမိတို့တစ်သင်းလုံးနှင့် ဘန်လေဂိုးသမား နစ်ပုပ်တို့ ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ အဖြစ် မနေ့က ဘန်လေအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။ လီဗာပူးလ်အသင်းသည် ဘန်လေအသင်းအား ဂိုးကန်သွင်းမှု ၂၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဆာလာတစ်ဦးတည်း အခွင့် အရေးခြောက်ကြိမ်ရရှိသော်လည်း ပထမပိုင်း ၃၄ မိနစ်တွင် နောက်ခံလူ ရောဘတ်ဆန် ခေါင်းတိုက်သွင်းယူသည့် တစ်ဂိုးတည်းသာ ရရှိခဲ့သည်။
ဘန်လေအသင်းတွက် အင်္ဂလန် ဂိုးသမား နစ်ပုပ် လက်စွမ်းပြနိုင်ခဲ့ပြီး ကာကွယ် မှု ရှစ်ကြိမ်ပြုလုပ်ခဲ့သလို ၆၉ မိနစ်တွင် ဂျေး ရိုဒရီဂွက်ဇ်၏ချေပဂိုး ခွင့်ပြုခဲ့ရသောကြောင့် လီဗာပူးလ်အသင်း တစ်မှတ်ဖြင့်သာ ကျေနပ် ခဲ့ရခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းသည် ချန်ပီယံဆုရရှိရန် သေချာပြီးနောက် လေးပွဲ ကစားရာ နှစ်ပွဲသာ အနိုင်ရထားပြီး တစ်ပွဲ သရေ၊ တစ်ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသည်။
သို့ဖြစ်ရာ ယာဂန်ကလော့ပ်က "ဒါက လီဗာပူးလ်အသင်းနဲ့ ပုပ်တို့ ယှဉ်ပြိုင်ရတဲ့အခိုက်အတန့်ပါ။ သူက ကောင်းကောင်းလုပ်နိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးရသင့်တယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်ရမယ့်အရာ အားလုံး လုပ်ခဲ့ပေမဲ့ သူက ကာကွယ်မှုတွေ အများကြီးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန် တော်တို့ကိုယ်တိုင် ဂိုးတွေသွင်းနိုင်ဖို့ လိုပါတယ်။ ဒါက ရှုံးပွဲတစ်ပွဲလိုမျိုး ခံစားရပါတယ်။ ဒိုင်လူကြီးကိုလည်း ကျွန်တော်တို့ ဒေါသထွက်ပါတယ်။ သူက ဒီနေ့ပွဲမှာ အားလုံးကိုခွင့်ပြု ခဲ့တယ်။ ဧရိယာထဲ ဘောလုံးရောက်သွားတဲ့ အချိန်တိုင်းမှာ ဘန်လေက အန္တရာယ်ရှိတဲ့ အပြုအမူတွေ အမြဲတမ်းလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကိုအဆုံးမသတ်နိုင်တဲ့ ကိုယ့်ကိုယ် ကိုယ်ပဲ အရင်ဆုံးအပြစ်တင်ရပါမယ်။ ကျွန် တော့်အသင်းက ကိုယ်လုပ်ရမယ့်ဟာ ၉၉ ရာခိုင်နှုန်းလုပ်ခဲ့ပေမဲ့ ကျွန်တော်ကတော့ သူတို့အပေါ်ဝေဖန်မှုကို ဘယ်တော့မှရပ်တန့်လိုက်မှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
