ယခုနှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ဖြစ်ပွားမှု ကြောင့် မရွှေ့ဆိုင်းဘဲ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲသက်တမ်း ၁၄၃ နှစ်ရှိနေပြီဖြစ်သည့် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည့် ၁၉၄၅ ခုနှစ်နောက်ပိုင်း ၇၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဖျက်သိမ်းခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
COVID-19 ဖြစ်ပွားမှုကြောင့် ယခုနှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ် ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ ဖျက်သိမ်းလိုက်ရသဖြင့် ဆုကြေးပေါင် ၁၀ သန်းအား ကစားသမား ၆၂၀ ကို ခွဲဝေပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ဖြစ်ပွားမှု ကြောင့် မရွှေ့ဆိုင်းဘဲ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲသက်တမ်း ၁၄၃ နှစ်ရှိနေပြီဖြစ်သည့် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည့် ၁၉၄၅ ခုနှစ်နောက်ပိုင်း ၇၅ နှစ်အတွင်း ပထမဆုံးအကြိမ် ဖျက်သိမ်းခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ကြောင့် အင်္ဂလန်တင်းနစ်အဖွဲ့ချုပ်ဖြစ်သည့် All England lawn Tennis Club က ဆုကြေး ပေါင် ၁၀ သန်းအား အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ နှစ်ယောက် တွဲနှင့် ဘီးတပ်ကုလားထိုင် (ဝှီးချဲ) တစ်ဦးချင်း၊ နှစ်ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားသည့် ကစားသမား စုစုပေါင်း ၆၂၀ ကို ခွဲဝေပေး အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ တစ်ဦးချင်းပြိုင်ပွဲ အဓိကပွဲစဉ် (ပထမအဆင့်) တွင် ယှဉ်ပြိုင်ခွင့်ရသူ ၂၅၆ ဦး (အမျိုးသား နှင့် အမျိုးသမီး ၁၂၈ ဦးစီ) ကို တစ်ဦး လျှင် ပေါင် ၂၅၀၀၀၊ တစ်ဦးချင်းပြိုင် ပွဲ လက်ရည်စစ်ပွဲ ယှဉ်ပြိုင်ခွင့်ရသူ ၂၂၄ ဦးကို ပေါင် ၁၂၅၀၀၊ နှစ်ယောက် တွဲပြိုင်ပွဲ အဓိကပွဲစဉ် ယှဉ်ပြိုင်ခွင့်ရ သူ ၁၂၀ ကို ပေါင် ၆၂၅၀၊ ဝှီးချဲပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသူ ၁၆ ဦးကို ပေါင် ၆၀၀၀ နှင့် ဝှီးချဲနှစ်ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသူလေးဦးကို ပေါင် ၅၀၀၀ စီ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
"ဒီကာလတွေမှာ မသေချာ မရေရာမှုတွေကြောင့် စိုးရိမ်ပူပန်မှု တွေ တော်တော်ဖြစ်ခဲ့ရတာ ကျွန်တော်တို့သိပါတယ်။ ကစားသမား အများစုက ဒီကာလမှာ ဘဏ္ဍာရေး အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှုအပေါ် အခြေခံပြီး ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ဆုကြေးရှာဖွေမယ့် အခွင့်အရေးကို မျှော်လင့်ထားတယ်ဆိုတာ တကယ်မှန်ကန်ပါတယ်" ဟု ဝင်ဘယ်လ်ဒန် ပြိုင်ပွဲ၏ အမှုဆောင်ချုပ် ရစ်ချက်လူးဝစ်က ပြောကြားခဲ့သည်။
ပြိုင်ပွဲဖျက်သိမ်းရသဖြင့် အာမခံကြေးအဖြစ် ကစားသမားများကို ဆုကြေးခွဲဝေပေးခြင်းဖြစ်သလို လက်မှတ်ဝယ်ယူထားသူများ၊ ရုပ်သံကုမ္ပဏီများနှင့် စပွန်ဆာကုမ္ပဏီများကိုလည်း အာမခံမူဝါဒအရ နစ်နာကြေးပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
