ဟန်ဒါဆန်ကလည်း "ကျွန်တော့်ရဲ့ ပြန်လည်ထူထောင်ရေးအလုပ်တွေကို ချက်ချင်းပဲ စတင်သွားမှာပါ။ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေစေဖို့နဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ သေချာကြိုးစားသွားမှာပါ။ တကယ်တော့ ဒီလိုပုံစံမျိုး နဲ့ ရာသီကိုအဆုံးသတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရာသီက မယုံနိုင်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်" ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်အနေဖြင့် ဒူးဒဏ်ရာကြောင့် ယခုရာသီ လက်ကျန်ပွဲအားလုံး လွဲချော်မည်ဖြစ်သော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ကိုင်မြှောက်မည်ဖြစ်ကြောင်း နည်းပြ ယာဂန်ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။
ဟန်ဒါဆန်သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဘရိုက်တန်အသင်းနှင့်ပွဲတွင် ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသရန် မလိုအပ်သော်လည်း ယခုရာသီ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ "ဟန်ဒိုရဲ့အခြေအနေက သတင်းဆိုးတွေထဲမှာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသဖို့ မလိုပါဘူး။ ဒါပေမဲ့ ဒီရာသီ နောက်ပိုင်းပွဲစဉ်တွေမှာတော့ သူထပ်မကစားနိုင်တော့ပါဘူး။ လာမယ့်ရာသီကို ကျွန်တော်တို့နဲ့အတူ စတင်နိုင်ဖို့ တော့ ယုံကြည်ထားပါတယ်။ ဒဏ်ရာကြောင့် သူလဲကျသွားတာကို မြင်ရတဲ့အချိန်က တော်တော်စိတ်မသက်သာစရာပါပဲ။ သူက ဆုဖလားကိုင်မြှောက်ဖို့ ထိုက်တန်တဲ့သူပါ။ ဆုဖလားကို သူကိုင်မြှောက်မှာပါ" ဟု ကလော့ပ် က ဆိုသည်။
ဟန်ဒါဆန်ကလည်း "ကျွန်တော့်ရဲ့ ပြန်လည်ထူထောင်ရေးအလုပ်တွေကို ချက်ချင်းပဲ စတင်သွားမှာပါ။ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေစေဖို့နဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့ သေချာကြိုးစားသွားမှာပါ။ တကယ်တော့ ဒီလိုပုံစံမျိုး နဲ့ ရာသီကိုအဆုံးသတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရာသီက မယုံနိုင်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်" ဟု Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။
အသက် ၃၀ ရှိပြီဖြစ်သည့် ဟန်ဒါဆန် သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ပြီး လေးဂိုးသွင်းယူ ကာ ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။ ၎င်းသည် လီဗာပူးလ်အသင်း နှစ် ၃၀ ကြာ ဝေးကွာနေသည့် ပရီးမီးယားလိဂ်ဆုဖလား တစ်ကျော့ပြန်ရရှိရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားနှင့် ဥရောပစူပါဖလားလည်း ဆွတ်ခူးရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
