ရီးယဲလ်အသင်းသည် ယင်းပွဲအနိုင်ရလဒ်ကြောင့် လက်ကျန်သုံးပွဲအလိုတွင် ဒုတိယနေရာမှ ဘာစီလိုနာအသင်းကို အမှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး Head to Head ရလဒ်လည်း အသာရထားသောကြောင့် သုံးပွဲတွင် ငါးမှတ်ထပ်မံရရှိ ရုံဖြင့် နှစ်နှစ်ကြာဝေးကွာနေသည့် လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန်ဆွတ်ခူး ရယူနိုင်မည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် လာလီဂါချန်ပီယံဆု ဆွတ်ခူးရရှိရန် နီးစပ်လာပြီဖြစ်သော်လည်း ဗိုလ်လုပွဲသုံးပွဲကစားရန် ကျန်နေသေးကြောင်း နည်းပြ ဇီဒန်းက သုံးသပ်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် လာလီဂါပွဲစဉ် ၃၅ အဖြစ် သောကြာနေ့ ညပိုင်းက အလာဗတ်စ်အသင်းနှင့် အိမ်ကွင်းပွဲယှဉ်ပြိုင်ကစားရာ (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဓိကနောက်ခံလူများဖြစ်သည့် အသင်းခေါင်းဆောင် ရာမို့စ်နှင့် ကာဗာ ဟယ်လ် ပွဲပယ်ခံထားရပြီး မာဆယ်လို ဒဏ်ရာကြောင့် မပါဝင်နိုင်သော်လည်း အနိုင်ဂိုးများကို ၁၁ မိနစ်တွင် ဘန်ဇီမာက ပယ်နယ်တီနှင့် မိနစ် ၅၀ တွင် အဆန်စီယိုက သွင်းယူပေးခဲ့သည်။
ရီးယဲလ်အသင်းသည် ယင်းပွဲအနိုင်ရလဒ်ကြောင့် လက်ကျန်သုံးပွဲအလိုတွင် ဒုတိယနေရာမှ ဘာစီလိုနာအသင်းကို အမှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး Head to Head ရလဒ်လည်း အသာရထားသောကြောင့် သုံးပွဲတွင် ငါးမှတ်ထပ်မံရရှိ ရုံဖြင့် နှစ်နှစ်ကြာဝေးကွာနေသည့် လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန်ဆွတ်ခူး ရယူနိုင်မည်ဖြစ်သည်။ သို့သော် ဇီဒန်းက "ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့မသိနိုင်သေးပါဘူး။ လာလီဂါပြိုင်ပွဲက တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့အတွက် ဗိုလ်လုပွဲသုံးပွဲကစားဖို့ ကျန်ပါသေးတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် လာလီဂါပြိုင်ပွဲ တစ်ကျော့ပြန်စတင်ပြီးနောက်ပိုင်း ရှစ်ပွဲစလုံးအနိုင်ရထားသလို နောက်ဆုံးငါးပွဲဆက်နှင့် စုစုပေါင်းခြောက်ပွဲအထိ Clean Sheet ရရှိထားသည်။ ငါးပွဲဆက် Clean Sheet ရရှိခြင်းမှာ ရီးယဲလ်အသင်း အတွက် ၂၀၀၈ ခုနှစ်နောက်ပိုင်း ၁၂ နှစ်အတွင်း အကောင်းဆုံးမှတ်တမ်းဖြစ်သလို ဂိုးသမား ကော်တိုအာမှာလည်း ယခုရာသီ လာလီဂါပြိုင်ပွဲတွင် Clean Sheet ၁၈ ပွဲအထိရှိလာပြီး ၃၂ နှစ်အတွင်း ရီးယဲလ်အသင်း၏ စွမ်းဆောင်ရည် အကောင်းဆုံးဂိုးသမား ဖြစ်လာသည်။
သို့ဖြစ်ရာ ဇီဒန်းက "သူက အရမ်းအရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို သြဇာလွှမ်းမိုးမှုလည်း ကြီးတဲ့သူပါ။ ဒါက အသင်းလိုက်စွမ်းဆောင်ရည်ကြောင့် ဖြစ်တာပါ။ ဒါပေမဲ့ သီဘော့က ဂိုး တော်တော်များများကို ကာကွယ်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်လည်း အရမ်းကောင်းပါတယ်။ ဂိုးတွေမပေးရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပေးဂိုးနည်းနည်းပဲရှိတယ်ဆိုတာတော့ အမှန်ပါပဲ။ သူက ပွဲတိုင်းမှာ အံ့အားသင့်စရာကောင်းအောင် စွမ်းဆောင်ပြနေတာပါ။ ဒီနေ့ပွဲမှာလည်း သူက နှစ်ကြိမ်၊ သုံးကြိမ်လောက် ကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပုံစံအတိုင်းပဲ ဆက်သွားမှာပါ" ဟု ချီးကျူးပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
