သက်ဆိုင်ရာဘောလုံးအသင်းများ ဘောလုံးကွင်းသို့ ရောက်ရှိလာချိန်မှစတင်ကာ ပြန်လည်ထွက်ခွာသည့်အချိန်အထိ ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး ကလပ်အသင်းများနှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ပြည်တွင်းဘောလုံးပြိုင်ပွဲများ ပြန်လည်ကျင်းပခွင့်ရပါက ကျန်းမာရေးစစ်ဆေး၊ ကာကွယ်မှုများ အဆင့်ဆင့်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
သက်ဆိုင်ရာဘောလုံးအသင်းများ ဘောလုံးကွင်းသို့ ရောက်ရှိလာချိန်မှစတင်ကာ ပြန်လည်ထွက်ခွာသည့်အချိန်အထိ ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး ကလပ်အသင်းများနှင့်ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။
"ကျွန်တော်တို့ကတော့ ဘောလုံးပွဲတွေပြန်စဖို့ တင်ပြကတည်းက ဒါတွေက လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ဘောလုံးပွဲတွေ ပြန်ကျင်းပခွင့်ရရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လိုလုပ်မလဲဆိုတာ စီစဉ်ထားပြီးသားဖြစ်ပါတယ်။ ဒါတွေကိုလည်း ကလပ်အသင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။ ဘောလုံးကွင်းထဲရောက်ပြီဆိုရင် အဝတ်လဲခန်းထဲမဝင်ခင် လက်ဆေးရမယ်၊ တပ်ဆင်လာတဲ့ Mask ကို လဲလှယ်ပြီး အသစ်တပ်ရမယ်။ အဝတ်လဲခန်းမှာရော အရန် ထိုင်ခုံမှာပါ Social Distancing ပုံစံနဲ့ နေရ မှာပါ။ ဘောလုံးပွဲပြီးတိုင်းလည်း ကျွန်တော်တို့က အဝတ်လဲခန်း၊ အရန်ထိုင်ခုံနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်ဆေးတွေ ဖြန်းသွားမှာပါ။ ဒါတွေကို ဘောလုံးကွင်းတိုင်း၊ ပွဲတိုင်းမှာ ကျင့်သုံးသွားမှာပါ" ဟု မြန်မာနေ ရှင်နယ်လိဂ်ကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းပြိုင်ပွဲများကို ယခင်က ဇူလိုင် ၁၆ ရက်တွင် စတင်ရန် စီစဉ်ထားသော်လည်း ကျင်းပနိုင်မည်မဟုတ်ဘဲ ဇူလိုင်နောက်ဆုံးပတ်မှသာ အစောဆုံး စတင်နိုင်ဖွယ်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
