ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေကြီးရေလျှံမှုကြောင့် စက်ရုံထိန်းချုပ်ခန်းအတွင်း ရေများဝင်ရောက်လျက်ရှိရာ သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်ခြင်း၊ ရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်ခြင်း၊ စက်ယန္တာရားများဖြင့် ရေလွှဲတာဘောင်ပြုလုပ်နေရကြောင်း သိရသည်။
အဆိုပါ လွိုင်ကော်မြို့ရှိ လောပိတဘီလူးချောင်း ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံများအား အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများမှ အောက်တိုဘာ (၆)ရက် နံနက်ပိုင်းက ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
ရေဝင်ရောက်မှုကြောင့် စက်ရုံကြံ့ခိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲဝင်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများက ရေဝင်ရောက်မှုနည်းအောင် သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်နေမှု၊ စက်ရုံအတွင်း ဝင်ရောက်နေသော ရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်နေမှု၊ စက်ယန္တာရားများဖြင့် ရေလွှဲတာဘောင် ပြုလုပ်နေသည့် အခြေအနေများအား ကြ ည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လောပိတ အမှတ်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင်လည်း ထိန်းချုပ်ခန်းမှ လျှပ်စစ်ဓာတ်အားထုတ်လွှင့်နေမှု အခြေအနေများ၊ စက်များကြံ့ခိုင်မှု အခြေအနေများ စက်ရုံရေပိုလွှဲမှ ရေလွှဲထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့် ဆည်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလွှမ်း၍ ပျက်စီးသွားသော မြေသားတမံအား တမံအသစ်နှင့် တစ်ဆက်တည်းဖြစ်စေရေး၊ ရေစီးကြောင်း ဖြောင့်တန်းစေရေးနှင့် ဘီလူးချောင်းအတွင်း ရေများ ပြန်လည်၍ စီးဝင်စေရေး အမြန်လုပ်ဆောင်နိုင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိုနှိုင်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ရေကြီးမှုကြောင့် ပျက်စီးခဲ့ရသည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုးပမ်းပြုပြင်လျက်ရှိရာ ပျက်စီးခဲ့သည့် လမ်း/ တံတားများကို ယာယီသံဘောင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံး ပြန်လည်ပြင်ဆင်ပေးလျက်ရှိကြောင်းနှင့် ဒေသတွင်း
ပြုပြင်ရန်ကျန်ရှိနေသည့် လမ်း၊ တံတားများကိုလည်း အမြန်ဆုံး ဆက်လက် ပြုပြင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
