ယနေ့မနက်ပိုင်း၌ ကွယ်လွန်ခဲ့သည့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်၏ စျာပနကို မနက်ဖြန် အောက်တိုဘာ (၈)ရက်၌ တောင်အင်းမြောက်အင်းသုသာန်တွင်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
“မနက် ဆယ်နာရီမှာ နေအိမ်ကနေ တောင်အင်းမြောက်အင်း သုသာန်မှာ မီးသဂြိုလ်မှာပါ” ဟု နီးစပ်သူတစ်ဦးကပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရစဉ် ကျန်းမာရေးဆိုးရွားလာသည့်အတွက် မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ အောက်တိုဘာလ (၇) ရက် ၊ နံနက် (၃)နာရီဝန်းကျင်တွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အဂိတိလိုက်စားမှု ၊ ကိုဗစ်ကာလစည်းကမ်းဖောက်ဖျက်မှု(သဘာဝဘေးစီမံ) စသည့် အမှုများဖြင့် ထောင်ဒဏ် (၂၉) နှစ် ချမှတ်ခံထားရသည့် ဒေါက်တာဇော်မြင့်မောင်အား ကွယ်လွန်ခါနီးသတိလစ်မေ့မျောနေချိန် အောက်တိုဘာ (၆) ရက်က လွတ်ငြိမ်းခွင့်ပေးကြောင်း ထောင်အာဏာပိုင်များက လာရောက်ဖတ်ကြားပြခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်သူ ဒေါက်တာဇော်မြင့်မောင်၏ နာရေးနေအ်ိမ်ကို ယနေ့တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ပါဝင်သည့် အစိုးရအဖွဲ့ဝင်များလည်း လာရောက် ဂါရဝ ပြုခဲ့ကြောင်း သိရသည်။
Photo – Credit




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
