ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မအူပင်လမ်းတွင်းရှိ နေအိမ်တစ်အိမ်တွင် အော်ဟစ်ဆဲဆိုခဲ့သော သင်္ကန်းဝတ်အမျိုးသားတစ်ဦးကို ရန်ကုန်ဘူတာကြီးတွင် အော်ဟစ်ဆဲဆိုနေစဉ် ဖမ်းဆီးကာ လူဝတ်လဲ တရားစွဲဆိုထားကြောင်း ရန်ကုန်ဘူတာကြီး ရထားရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၂ ရက်တွင် သိရသည်။
အဆိုပါ သင်္ကန်းဝတ်အမျိုးသားကို မင်္ဂလာတောင်ညွှန့်မြို့နယ် သာသနာတော် စောင့်ရှောက်ရေးအဖွဲ့က လူဝတ်ခဲ့ပြီး သက်ဆိုင်ရာက ဘာသာသာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခဲ့သည်။
ရန်ကုန်ဘူတာကြီး ရထားရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက “ရန်ကုန်ဘူတာကြီးမှာ ဘုန်းကြီးတစ်ပါး အော်ဟစ်ဆဲဆိုနေလို့ လူဝတ်လဲပြီး တရားစွဲဆိုထားပါတယ်။ ဖမ်းပြီးတော့ ဘာသာသာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်” ဟုပြောကြားသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်ဘူတာကြီးရှိ လက်မှတ်ရုံတစ်ခုသို့ သင်္ကန်းဝတ် အမျိုးသားတစ်ဦးဝင်ရောက်စဉ် ၎င်း၏ရှေ့တွင် လူတစ်ယောက်က ပိတ်မိနေသကဲ့သို့ ဖြစ်ခဲ့၍ အော်ဟစ်ဆဲဆိုခဲ့ပြီး အနီးနားရှိ လူများကိုပါ အော်ဟစ်ဆဲဆို သောင်းကျန်းနေသောကြောင့် ရန်ကုန်ဘူတာကြီး ရထားရဲတပ်ဖွဲ့က ထိန်းသိမ်းဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် သာသနာတော်စောင့်ရှောက်ရေးအဖွဲ့က စစ်ဆေးပြီး သံဃာအစစ်မဟုတ်သည့်အတွက် လူဝတ်လဲကာ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ကန်းဝတ်အမျိုးသားသည် ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက စမ်းချောင်းမြို့နယ် မအူပင်လမ်းအတွင်းရှိ အိမ်တစ်အိမ်သို့ လာရောက်ဆဲဆို သောင်းကျန်းခဲ့သူဖြစ်ကြောင်း အိမ်ရှင်အမျိုးသမီး၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ၎င်းကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးမှာ ရုံးထုတ်ရမန်ယူပြီးနောက် ရုံးချိန်းကို ဖေဖော်ဝါရီ ၁ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်္ဂတောင်ညွှန့်မြို့နယ် ရဲစခန်းတွင် အဆိုပါအမျိုးသားကို ဘာသာ သာသနာညှိုးနွမ်းစေသော ဥပဒေပုဒ်မ - ၂၉၅(က) ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
