အလုပ်သမားများ၏ နာမကျန်းဖြစ်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ဆေးကုသရေးနှင့် ထိခိုက်မှု အာမခံလျော်ကြေး ခံစားခွင့်ရရှိရန် လူမှုဖူလုံရေးအဖွဲ့က စီစဉ်နေကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင် အာမခံအလုပ်သမား တစ်သန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များ ပိုမိုရရှိစေရန် Provider Purchaser Split (PPS) စနစ်ဖြင့် စမ်းသပ်ဖွင့်လှစ်သည့် ဆေးခန်းများကို မကြာမီ တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်သည်။
“လက်ရှိ အကျုံးဝင် အာမခံအလုပ်သမားက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ ၁ ဒသမ၂၅ သန်းရှိတယ်။ အလုပ်သမားတွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကျိုးခံစားခွင့်တွေအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၁၁၆ မြို့နယ်မှာရှိတဲ့ အလုပ်သမားဆေးရုံကြီးသုံးရုံ၊ ခရိုင်ရုံးလေးရုံး၊ မြို့နယ် ရုံးခွဲ ၇၈ ရုံး၊ မြို့နယ်ဆေးပေးခန်း ၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၅၅ ခန်း၊ တိုင်းရင်းဆေးကုသခန်း တစ်ခန်း၊ လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းလေးခန်း၊ PPS စမ်းသပ်ဆေးခန်း သုံးခန်းနဲ့ ရွေ့လျားဆေးကုသယာဉ်တစ်စီးတို့နဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဆက်လက်ပြီး ရန်ကုန်နဲ့နေပြည်တော်မှာရှိတဲ့ အာမခံအလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေဖို့ PPS စမ်းသပ်ဆေးခန်းတွေကို မကြာမီ တိုးချဲ့ဖွင့်လှစ်သွား ဖို့ရှိပါတယ်” ဟု လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ကျန်းမာရေးနှင့်ပတ်သက်သော ဥပဒေများမှာ အလုပ်သမားလျော်ကြေး အက်ဥပဒေ (၁၉၂၁)၊ အလုပ်ရုံများဆိုင်ရာအက်ဥပဒေ (၁၉၅၁)၊ လူမှုဖူလုံရေး ဥပဒေ (၂၀၁၅) တို့ရှိကြောင်းနှင့် လက်ရှိအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဦးစီးရေးဆွဲနေသော လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲလျက်ရှိသော ပြည်သူ့ကျန်းမာရေးဥပဒေများမှာ မကြာမီတွင် ထွက်ပေါ်ရန်ရှိပြီး လုပ်ငန်းခွင် ကျန်းမာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အသစ်ထွက်ပေါ်လာမည့် လုပ်ငန်းခွင်ကျန်းမာရေးဆိုင်ရာ ဥပဒေများနှင့်အညီ လုပ်ငန်းခွင် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများအပြင် မှတ်ပုံတင်ထားခြင်းမရှိသော လုပ်ငန်းကဏ္ဍများမှ အလုပ်သမားများအပါအဝင် လုပ်သားအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲအနေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရေးဆွဲတင်ပြထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
