Top News

မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရသည့် အချုပ်သားတစ်ဦး အင်းစိန်အကျဉ်းထောင် ထောင်ဘူးဝရှေ့မှ ထွက်ပြေးမှုဖြစ်ပွား
24htopnews | October 7, 2024 3:12 PM CST

မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းခံရသည့် အချုပ်သားတစ်ဦး အင်းစိန်အကျဉ်းထောင် ထောင်ဘူးဝရှေ့မှ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲခန့် က မြောက်ပိုင်းခရိုင်တရားရုံး အချုပ်မှ အချုပ်သား အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီးငါးဦးတို့အား အချုပ်ယာဉ်ဖြင့် တင်ဆောင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ရာညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ထောင်ဘူးဝသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ရောက်ရှိပြီး အချုပ်သားများအား အချုပ်ယာဉ်ပေါ်မှ အကျဉ်းထောင်အတွင်းသို့ ထည့်သွင်းရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နေစဉ် ရွှေပြည်သာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် အချုပ်သား မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ်နေ သိန်းနိုင်(၂၉နှစ်) ဆိုသူမှာ အချုပ်ယာဉ်ပေါ်မှ ဆင်းပြီး ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်ပြေးသွားသဖြင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရာ ပေ ၁၀၀ ခန့် အကွာတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အချုပ်ယာဉ်ပေါ်မှ ထွက်ပြေးသူ သိန်းနိုင်အား အင်းစိန်မြို့မရဲစခန်းက (ပ) ၈၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။     

 


READ NEXT
Cancel OK