၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ဖြစ် ပွားခဲ့သောယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၅၁၈၄ ဦး အထိရှိကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။
ယာဉ်တိုက်မှု၊ လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဖြစ်ပွားသောဒေသမှာ ယာဉ်စီးရေများပြားပြီး လူဦးရေထူထပ်သော ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၆၈၄ မှုဖြစ်ပွားခဲ့ပြီး ၅၉၉ ဦးသေဆုံးကာ ၃၁၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအများဆုံးမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး ယာဉ်တိုက်မှု ၂၄၃၀ မှု ဖြစ်ပွားခဲ့ပြီး ၅၂၉ ဦး သေဆုံးကာ ၃၈၅၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ၂၂၄၃ မှုဖြစ်ပွားခဲ့ပြီး ၇၄၄ ဦးသေဆုံးခဲ့ကာ ၃၄၀၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၀၃၃ မှုဖြစ်ပွားခဲ့ပြီး ၄၁၉ ဦးသေဆုံးကာ ၃၄၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၆၁၀ မှုဖြစ်ပွားခဲ့ပြီး ၃၆၇ ဦးသေဆုံးကာ ၂၇၉၉ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၁၅၃၉ မှုဖြစ်ပွားခဲ့ပြီး ၄၈၁ ဦးသေဆုံးကာ ၂၆၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တွင် ယာဉ်တိုက်မှု ၁၁၈၄မှုဖြစ်ပွားခဲ့ပြီး ၅၂၉ဦး သေဆုံးကာ ၁၆၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မွန်ပြည်နယ်တွင် ယာဉ်တိုက်မှု ၈၇၅ မှုဖြစ်ပွားခဲ့ ပြီး ၃၄၆ ဦး သေဆုံးကာ ၁၄၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၅၈၅ မှုဖြစ်ပွားခဲ့ ပြီး၂၀၉ ဦး သေဆုံးကာ ၉၅ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၄၂၉ မှု ဖြစ်ပွားခဲ့ပြီး ၁၇၀ ဦးသေဆုံးကာ ၆၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကချင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၄၂၇ မှုဖြစ်ပွားခဲ့ပြီး ၁၉၆ ဦးသေဆုံးကာ ၅၆၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ယာဉ်တိုက်မှု ၃၇၄ မှုဖြစ်ပွားခဲ့ပြီး ၁၅၃ ဦးသေဆုံးကာ ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေပြည်တော်တွင် ယာဉ်တိုက်မှု ၃၄၂ မှုဖြစ်ပွားခဲ့ပြီး ၂၂၇ ဦး သေဆုံးကာ ၃၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ချင်းပြည်နယ်တွင် ယာဉ်တိုက်မှု ၁၀၆ မှုဖြစ်ပွားခဲ့ပြီး ၄၇ ဦးသေဆုံးကာ ၁၄၆ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။ ကယားပြည်နယ်တွင် ယာဉ်တိုက်မှု ၈၈ မှု ဖြစ်ပွားကာ ၄၇ ဦး သေဆုံးပြီး ၁၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှု ၄၇၄ မှုဖြစ်ပွားခဲ့ပြီး ၁၀၄ ဦး သေဆုံးကာ ၈၈၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမှတ်(၁)နယ်ခြားစောင့်ဒေသတွင် ယာဉ်တိုက်မှု ၂၇ မှုဖြစ်ပွားခဲ့ပြီး ၁၇ ဦး သေဆုံးကာ ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရထားလမ်းနှင့် ကားလမ်းဆုံရာနေရာများတွင် ယာဉ်တိုက်မှု နှစ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် အမှတ်(၁)နယ်ခြားစောင့်ဒေသ၊ အမြန်လမ်းမကြီးနှင့် ရထားရဲ တပ်ဖွဲ့များကရရှိသော ယာဉ်တိုက်မှုမှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်တိုက်မှုစုစုပေါင်း ၁၇၄၅၁ မှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၅၁၈၄ ဦးအ ထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၆၇၄၁ ဦး အထိရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တစ်ရက်လျှင် ပျမ်းမျှယာဉ်တိုက်မှု ၄၈မှုဖြစ်ပွားလျက်ရှိနေသည်။ အဆိုပါယာဉ်တိုက်မှုများကြောင့် တစ်ရက်လျှင်ပျမ်းမျှ ၁၄ ဦးသေဆုံးနေပြီး ၇၃ဦး ထိ ခိုက်ဒဏ်ရာများ ရရှိနေသည်။
ပြီးခဲ့သည့် ၂၀၁ရခုနှစ်အတွင်း တစ် နိုင်ငံလုံး၌ ယာဉ်တိုက်မှု ၁၈၁၇၁ မှု ဖြစ်ပွားခဲ့ပြီး ၅၂၅၀ ဦး သေဆုံးကာ၂၉၁၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
