Top News

နိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ရုံးဖွင့်ရက် ၁၄ ရက်အတွင်း လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာ ၄၂ သန်းခန့် ဝယ်ယူခဲ့ပြီး ဒေါ်လာ ၇၀၀ သာထုတ်ရောင်း
24htopnews | October 7, 2024 3:12 PM CST

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဇန်နဝါရီ ၂ ရက်မှ ၂၂ ရက်အထိ ရုံးဖွင့်ရက် ၁၄ ရက်အတွင်း လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာ ၄၂ သန်းခန့် ဝယ်ယူခဲ့ပြီး ဒေါ်လာ ၇၀၀ သာ ထုတ်ရောင်းခဲ့ကြောင်း နေ့အလိုက် လေလံစျေးကွက် အရောင်းအဝယ်မှတ်တမ်း အရသိရသည်။

ဇန်နဝါရီ ၂ ရက်မှ ၂၂ ရက်အထိ ရုံးဖွင့်ရက် ခုနစ်ရက်အတွင်း ဗဟိုဘဏ်မှ လေလံစျေးကွက်မှ တစ်ဆင့် ဝယ်ယူမှုဒေါ်လာ ၄၁၉၉၉၆၀၀ ရှိပြီး ရောင်းချမှု ဒေါ်လာ ၇၀၀ သာရှိခဲ့သည်။ ဒီဇင်ဘာလအတွင်း လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာ ၅၄၂၄၈၈၀၀ ကို ဝယ်ယူခဲ့ပြီး ဒေါ်လာ  ၃၈၃၀၀၀၀ ရောင်းချခဲ့သည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၁၃၉၈၆၀၀ ဝယ်ယူခဲ့ပြီး ဒေါ်လာ ၂၉၀၀ သာ ပြန်လည်ရောင်းချခဲ့သည်။ အောက်တိုဘာလတွင် လေလံစျေးကွက်မှတစ်ဆင့် ဒေါ်လာပြန်လည်ဝယ်ယူမှုမရှိဘဲ ဒေါ်လာ ၃၈၄၂၀၀ ကို ရောင်းချခဲ့သည်။ ပြင်ပစျေးကွက်တွင် စံချိန်တင် နိုင်ငံခြားငွေလဲနှုန်းဖြစ် ပေါ်ခဲ့သည့်  စက်တင်ဘာလတွင်မူ ဒေါ်လာ ၄၀၇၀၀၀၀ ဒေါ်လာ ထုတ်ရောင်းခဲ့ပြီး ဒေါ်လာ ၉၄၀၀၀၀ ကို ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အတွင်း ပြင်ပစျေးကွက်၌ ဒေါ်လာစျေး အတက်အကျကွာဟမှု ကျပ် ၃၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဗဟိုဘဏ်ကလည်း ယင်းရက်များအတွင်း ရည်ညွှန်းငွေလဲနှုန်းလည်း အတက်အကျ ၂၄ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြင်ပစျေးကွက်တွင် ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အတွင်းဖြစ်ပေါ်ခဲ့သည့် ဒေါ်လာစျေးများမှာ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀ ရှိရာမှ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၂၆ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိကျ ဆင်းခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၅၄၅ ကျပ် အထိပြန်တက်ကာ ဇန်နဝါရီ ၁၉ ရက်တွင် ကျပ် ၁၅၃၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ၁၅၃၅ ကျပ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ၁၅၃၇ ကျပ် ဝန်းကျင်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဗဟိုဘဏ်က သတ်မှတ်ထားသော ရက်အလိုက် ရည်ညွှန်းငွေလဲနှုန်းမှာ ဇန်နဝါရီ  ၂ ရက်တွင် ၁၅၄၆ ကျပ်၊ ဇန်နဝါရီ ၁၀ ရက်တွင် ၁၅၃၄ ကျပ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၂၂၊ ဇန်နဝါရီ ၁၈ ရက်တွင် ၁၅၃၈ ကျပ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ၁၅၄၄ ကျပ်၊ ဇန်နဝါရီ ၂၂ ရက် တွင် ၁၅၃၈ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက် ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ယခင်ကထက် ကွာဟချက်နည်းပါးလာသော်လည်း အချို့ရက်များတွင် ကွာဟချက် ကျပ် ၁၀ ဝန်းကျင် အထိရှိနေဆဲဖြစ်သည်။

အနိမ့်ဆုံး ခြောက်ကျပ်မှ အမြင့်ဆုံး ကိုးကျပ်အထိ ကွာဟခဲ့သည်။

ပြီးခဲ့သည့်ရုံးဖွင့်ရက် ၁၄ ရက်အတွင်း ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဇန်နဝါရီ ၃ ရက်တွင် ဒေါ်လာ  ၅၀၀၀၀၀၀၊ ဇန်နဝါရီ ၇ ရက်တွင် ဒေါ်လာ  ၅၉၉၉၉၀၀၊ ဇန်နဝါရီ ၈ ရက်တွင် ဒေါ်လာ ၄၉၉၉၉၀၀၊  ဇန်နဝါရီ ၉ ရက်တွင် ဒေါ်လာ ၂၀၀၀၀၀၀၊ ဇန်နဝါရီ ၁၀ ရက်တွင် ဒေါ်လာ ၇၉၉၉၉၀၀၊ ဇန်နဝါရီ ၁၁ ရက်တွင် ဒေါ်လာ ၉၉၉၉၀၀၊ ဇန်နဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၃၅၀၀၀၀၀၊ ဇန်နဝါရီ ၁၅ ရက် တွင် ဒေါ်လာ ၈၀၀၀၀၀၀၊ ဇန်နဝါရီ ၂၁ ရက်တွင် ဒေါ်လာ ၃၅၀၀၀၀၀ ဝယ်ယူခဲ့ပြီး စုစုပေါင်းဝယ်ယူမှု ဒေါ်လာ ၄၁၉၉၉၆၀၀ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကွာခြားချက်သည် ၃၂၇ ကျပ်၊ ၂၄ ရာခိုင်နှုန်း ကျော်အထိဖြစ်ပေါ်ခဲ့ပြီး ဇွန်လမှ ဒီဇင်ဘာလအထိ အတက်အကျများစွာဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလဆန်း၌ ဒေါ်လာစျေး ကျပ် ၁၅၁၀ အထိပြန်ကျနေချိန်တွင် နိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၁၅၇၀ နှုန်းဖြင့် နှစ်ရက်အတွင်း ဒေါ်လာ  ၃၄ သန်းဖိုးဝယ်ယူခဲ့ပြီး စျေးကွက်အတွင်း ဒေါ်လာစျေးပြန်လည် မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံခြားငွေလဲနှုန်းမှာ ကျပ် ၁၅၁၀-၁၅၇၇ ကျပ်ဖြစ်သည်။

 


READ NEXT
Cancel OK