လက်ရှိပြည်ပသို့ ဆန်တင်ပို့မှုကျဆင်းနေခြင်းကြောင့် ဆန်ဝယ်ယူမှုများသည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်စသည့်နိုင်ငံများသို့ G to G (အစိုးရအချင်းချင်းသဘောတူ စာချုပ်) စနစ်ဖြင့် ပိုမိုရောင်းချနိုင်အောင် ကြိုးစားနေပြီး ဆန်တင်ပို့နေသည့် နိုင်ငံများနှင့် အရည်အသွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မြန်မာ့ဆန်စပါးကဏ္ဍပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
“အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားရှိတယ်၊ မလေးရှားရှိတယ်၊ ဖိလစ်ပိုင်ရှိတယ်။ ဒီနိုင်ငံတွေက အများဆုံးဝယ်နေတဲ့ နိုင်ငံတွေဒီနိုင်ငံတွေကို G to G ညှိနှိုင်းပြီးတော့ ရောင်းချဖို့ ကြိုးစားရမယ့် အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေအထွေအတွင်းရေးမှူး ဦးရဲမင်းအောင် က ပြောကြားသည်။
အဓိက ဆန်တင်ပို့လျက်ရှိသည့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများနည်းတူ အရည်သွေးကောင်းမွန်သော ဆန်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ အခြေအခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးရေးတို့ကိုလည်း ယှဉ်ပြိုင်နိုင်အောင် ကြိုးစားရမည်ဖြစ်ကြောင်း သိရသည်။
“ဘယ်သူနဲ့ ယှဉ်ပြိုင်နိုင်အောင်လုပ်ရမလဲဆိုရင် ဆန်တင်ပို့ရောင်းချနေတဲ့ ထိုင်းတို့ ဗီယက်နမ်တို့ ပါကစ္စတန်တို့ အိန္ဒိယတို့ ဒီလိုနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်အောင်ကြိုးစားရမယ်။ အဲဒီတော့မယှဉ်ပြိုင်နိုင်ဘူးဆိုရင် လက်ရှိအခြေအနေမှာ ကျွန်တော်တို့က အခက်အခဲတွေ ဒီထက်ပိုပြီးများလာရင် တိုင်းပြည်ရဲ့ စီးပွားရေးရော အခြေကျတဲ့ တောင်သူလယ်သမားတွေပေါ်မှာ လာပြီးသက်ရောက်မှုတွေ ရှိနိုင်တဲ့အတွက်ကြောင့် အစိုးရပိုင်းနဲ့ ပုဂ္ဂလိကပိုင်း ပိုပြီးတော့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”
မြန်မာနိုင်ငံတွင် ဆိပ်ကမ်း Gate Way သည် ရန်ကုန်မြို့ တစ်ခုတည်းမှာသာရှိသဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ စသည့်ဆန်တင်ပို့သည့် နိုင်ငံများနှင့်ယှဉ်ပြိုင်ပါက မြန်မာ့ဆန်ကို နောက်ဆုံးမှသာ ဝယ်ယူကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
“ယှဉ်ပြိုင်မှုများတဲ့အချိန်မှာ နိုင်ငံတကာက ကုန်ပစ္စည်းဝယ်တဲ့ ဝယ်သူတွေနဲ့ တွေ့တိုင်းတွေ့တိုင်း သူတို့ကပြောတာ Think Myanmar Last (မြန်မာကို နောက်ဆုံးမှ စဉ်းစားတယ်) ထိုင်းကဝယ်လို့ရရင် ထိုင်းက ဝယ်တယ်။ ပါကစ္စတန်ကဝယ်လို့ရရင် ပါကစ္စတန်က ဝယ်တယ်။ အိန္ဒိယက ဝယ်လို့ရရင် အိန္ဒိယက ဝယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနိုင်ငံတွေက ကြိုတင်ခန့်မှန်းလို့လည်းရတယ်။ သူတို့ရဲ့အခြေအနေတွေက ကောင်းတယ်။ အခြေခံ အဆောက်အအုံတွေကောင်းတယ်။ အထူးသဖြင့် Gate Way လို့ခေါ်တဲ့ Export လုပ်တဲ့ Gate Way က မြန်မာပြည်က ပင်လယ်ရေကြောင်းဆို ရန်ကုန်တစ်ခုပဲရှိတယ်။ ရန်ကုန်က ဆိပ်ကမ်းက ကျပ်နေတယ်ဆိုရင် စရိတ်တွေကအများတော့ ဆန်ဆိုလို့ရှိရင် ထိုင်းတို့ ပါကစ္စတန်တို့ အိန္ဒိယတို့က ရောင်းနေရင် တော်တော်ထိုးဖောက်ပြီးတော့ ရောင်းနေရပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက်တွင် အဖမ်းအဆီးများကြောင့် တရုတ်ကုန်သည်များက မြန်မာ့ဆန်ကို ဝယ်ယူမှုလျော့ကျနေပြီး ယခင်နှစ်များထက် ထက်ဝက်ခန့်အထိ တင်ပို့မှုလျော့ကျခဲ့ကြောင်း သိရသည်။
ထို့အပြင် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည်အမျိုးအစား (၁၆ မီလီမီတာအထက်) ဆန်များကို ဇန်နဝါ ၈ ရက်ကစတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည်ကောက်ခံသွားမည်ဖြစ်သဖြင့် အရည်သွေးမြင့် စျေးကွက်တစ်ခုဖြစ်သည့် အီးယူသို့ ဆန်တင်ပို့မှာလည်း အထိုက်အလျောက် လျော့ကျလာမည်ဖြစ်သည်။
အဓိကဆန်တင်ပို့နေသည့် စျေးကွက်နှစ်ခုက ဆန်ဝယ်ယူမှုကျဆင်းသွားမည်ဖြစ်သဖြင့် လာမည့်နှစ်တွင် ဆန်တင်ပို့မှုကျဆင်းနိုင်သဖြင့် မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့မှု ကဏ္ဍအတွက် အခြားစျေးကွက်သစ်များ တိုးချဲ့ရှာဖွေရန် လိုအပ်နေခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် ဧပြီ ၁ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇၁၇ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်းရရှိထားပြီး ယခင်နှစ် ကာလတူတွင်မူတွင် တန်ချိန်၂ ဒသမ ၅၄၂ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၇၈၉ ဒသမ ၇၈၀ သန်းအထိရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
