၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူ စျေးဆနှုန်း CPI ၁၄၇ ဒသမ ၇၅ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆ ဒသမ ၈၅ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၆၁ ဒသမ ၅၀၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၂၈ ဒသမ ၄၁ နှင့် အုပ်စုအားလုံးအတွက် ၁၄၇ ဒသမ ၇၅ ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်း ၁၃၈ ဒသမ ၂၉ နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ယခင်နှစ်ကာလတူထက် စားသုံးသူစျေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းစျေးနှုန်းများ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသာစွာ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းကိုလေ့လာပါက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၁၃၉ ဒသမ ၃၄ ရှိရာမှစ၍ တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၃၉ ဒသမ ၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ၁၃၉ ဒသမ ၁၁ သို့ကျဆင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ ပြန်လည်မြင့်တက် လာခဲ့ကြောင်း၊ ဇွန်လမှစကာ မိုးများစွာ ရွာသွန်းခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ကုန်စည်စျေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။ ဒီဇင်ဘာလ အတွင်းတွင်မူ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်း၊ စပါးသစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းများကျဆင်းခြင်း၊ ပွင့်လင်းရာသီဖြစ်ခြင်းကြောင့် ငါးစျေးနှုန်းများကျဆင်းလာခြင်းနှင့် ကုန်ခြောက်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်းမှာ နိုဝင်ဘာလတွင်ဖြစ်ပေါ်ခဲ့သော စျေးဆနှုန်းထက် ကျဆင်းခဲ့ကြောင်းသိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ဖြစ်ပေါ်ခဲ့သော စားသုံးသူ စျေးဆနှုန်းများကိုကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့တွင် ယခင်လနှင့်နှိုင်းယှဉ်ပါက တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့တို့တွင် အနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင်ကျ ဆင်းခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်း လဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုး ပါဝင်ကြောင်း သိရသည်။ စားသုံးသူ စျေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ခုနှစ်ဒီဇင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၈၆ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
