၂၀၁၈ ခုနှစ်က ရွေးကောက်တင်မြှောက် ခံထားရသော ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) အနေဖြင့် ယခင်သက်တမ်းဟောင်းမှ လက်ရှိအချိန်ထိ အလွှဲအပြောင်း မလုပ်ရသေးခြင်းကြောင့် ကျောက်သမားများနှင့် ပတ်သက်ကာ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ၂၀၁၈-၂၀၂၁ သက်တမ်း ရွေးချယ်တင်မြှောက်ခြင်းကို မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၁၈ မတ်လအတွင်းက ကျင်းပရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်ထိ ရွေးချယ်တင်မြှောက် ခံရသော အဖွဲ့ဝင်များကို အသိမှတ်ပြုကာ လွှဲပြောင်းခြင်းများ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဆောင်ရွက်ပေးခြင်း မရှိသေးသည့်အတွက် အသင်းအနေဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များ ရပ်တန့်နေပြီး အသင်းဝင် ကျောက်သမားများ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) ၂၀၁၈ ရွေးကောက်တင်မြှောက်ခံရသူများထံမှ သိရသည်။
“မန္တလေးမှာ အသင်းအနေနဲ့ နှစ်ဖွဲ့မရှိပါဘူး။ တစ်ဖွဲ့တည်းပဲ ရှိပါတယ်။ ကျွန်တော်တို့က ရွေးကောက်တင်မြှောက်ခံရတဲ့ အဖွဲ့ကို အသိမှတ်ပြုပြီး လွှဲအပ်ပေးစေချင်ပါတယ်။ ရွေးကောက်ပွဲနိုင်တဲ့ အဖွဲ့ကို အလွှဲအပြောင်း မလုပ်ခြင်းကြောင့် ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အသင်းသူ၊ အသင်းသားနဲ့ ကျောက်သမားတွေအားလုံး ဒုက္ခရောက်နေပါတယ်။ ကိုယ်စားပြောရရင် အသင်းသား သက်တမ်းတိုးရာမှအစ လုပ်ငန်းလိုင်စင်ကိစ္စတွေနဲ့ အခွန်ဆောင်ရမှာတွေ ရပ်တန့်နေပါတယ်။ အလွှဲအပြောင်း မလုပ်ရသေးတဲ့အတွက် ကျောက်သမားတွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာလည်း တိတိကျကျ မလုပ်နိုင်သေးပါဘူး” ဟု ၂၀၁၈-၂၁ သက်တမ်း ရွေးချယ်တင်မြှောက်ခံထားရသည့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။
ရွေးချယ်တင်မြှောက်ခံထားရသည့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှာ ကျောက်သမား အများစု၏ မဲပေးမှုအရ တင်မြှောက်ခံထားရခြင်းဖြစ်ပြီး ပြည်တွင်းစျေးကွက်၏ အဓိကဖြစ်သော မဟာအောင်မြေ ကျောက်ဝိုင်းအား အသိအမှတ်ပြုကာ ကျောက်သမားများအား အသိမှတ်ပြုပေးရန် လိုအပ်ပြီး လွှဲပြောင်းရန် ကိစ္စများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များထံသို့ စာတင်ပြခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
