ပခုက္ကူမြို့ရှိ သီတဂူ စက္ခုဒါန တံတားဦး ဆေးရုံတွင် သွားနှင့်ခံတွင်းလူနာ ၁၀၀၀ ခန့်အား နိုင်ငံခြားသား ဆရာဝန်များနှင့် မြို့ခံ သွားဆရာဝန်များ ပူးပေါင်း၍ ဇန်နဝါရီ ၂၂ ရက်မှစ၍ အခမဲ့ကုသပေးနေကြောင်း အကျိုးဆောင် အဖွဲ့ထံမှ သိရသည်။ ဇန်နဝါရီ ၂၂ ရက်မှ ၃၀ ရက်ထိ ကိုးရက်ကြာမြင့်မည့် သွားနှင့်ခံတွင်း ကုသမှု အစီအစဉ် မှာ သီတဂူ စက္ခုဒါန တံတားဦး ဆေးရုံတွင် ပထမအကြိမ် လုပ်ဆောင်ခြင်းဖြစ်ပြီး သွားနှုတ်ခြင်း၊ သွားပေါက်ဖာခြင်းနှင့် သွားအံကပ် တပ်ဆင်ပေးခြင်းများအား အခမဲ့ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ သွားဆရာဝန်အသင်း ပခုက္ကူ အသင်းခွဲကလည်း တတ်နိုင်သမျှ လူအားစက်ကိရိယာအား ဒါနပြုပြီး ပါဝင်တာပါ။ လူနာတွေအားလုံးကို အခမဲ့ ကုသပေးတာ ဖြစ်ပါတယ်။ သွားနုတ်တာ၊ သွားပေါက်ဖာတာ ဆေးကအစ အခမဲ့ပါ။ သွားတစ်ချောင်းမှ မရှိတော့တဲ့ လူနာ ၁၀ ဦးကိုလည်း သွားအံကပ် တပ်ဆင်ပေးသွားမှာပါ။ အံကပ်တပ်ဆင်ပေးတာကတော့ သာသနာ့ဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ ငွေကြေးမပြည့်စုံတဲ့သူတွေ ဦးစားပေးပါတယ်” ဟု မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်များအသင်း (ပခုက္ကူအသင်းခွဲ) မှ ဒေါက်တာဦးကြည်မင်းက ပြောကြားသည်။
အင်္ဂလန်နိုင်ငံတွင် နေထိုင်သည့် ဒေါက်တာဦးကိုကိုနှင့်အဖွဲ့က သီတဂူ စက္ခုဒါန တံတားဦး ဆေးရုံတွင် သွားနှင့်ခံတွင်း ကုသခြင်း လုပ်ငန်းများတွင် အသုံးပြုရန် ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိသည့် Dental Chair တစ်စုံ လှူဒါန်းကြောင်း သိရသည်။
“သီတဂူ ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုနဲ့ သွားအခမဲ့ ကုသမှု အစီအစဉ်လေး ဖြစ်လာတာပါ။ ဆရာတော်ကြီးက အင်္ဂလန်က ဆရာဝန်နှစ်ဦး၊ မြန်မာဆရာဝန်တစ်ဦး စေလွှတ်ပေးပါတယ်။ကျွန်တော်တို့ ပခုက္ကူက သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ ပညာရှင်များ၊ သူနာပြုများ ပူးပေါင်းပြီးတော့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ၂၂ ရက်ကနေ ၃၀ ရက်ထိ ကုသပေးမှာပါ။ စနေနဲ့ တနင်္ဂနွေ နှစ်ရက်နားဖို့ စီစဉ်ပေမယ့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း ပခုက္ကူအသင်းခွဲက အဲဒီနှစ်ရက်မှာ ဆက်လက်ကုသပေးမှာ ဖြစ်တာကြောင့် ကုသရက် ကိုးရက်ကြာပါမယ်။ လူနာစာရင်းပေးတွေ တိုးနေလို့ ၁၀၀၀ ဦးလောက်ထိ ကုသပေးမှာပါ” ဟု အကျိုးဆောင်အဖွဲ့မှ ဦးသက်ကြူက ပြောကြားသည်။
ယခုလ ၂၂ ရက်နေ့မှ စတင်ပြုလုပ်သည့် ပခုက္ကူမြို့ သီတဂူ စက္ခုဒါန ဆေးရုံ၏ အခမဲ့ သွားနှင့်ခံတွင်း ကုသခြင်းသို့ ပခုက္ကူခရိုင် အတွင်းရှိ မြို့နယ်များမှ ဒေသခံများတင်မက ညောင်ဦးမြို့နယ် အတွင်းရှိ ဒေသခံများပါ လာရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ သီတဂူ စက္ခုဒါန တံတားဦး ဆေးရုံးအား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေ ၂၅ ရက်တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရ ဆရာတော်ကြီးကိုယ်တိုင် ကြွရောက် ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း လူနာ ၆၀၀၀ နီးပါးအား ကုသပေးခဲ့သည်။
ပခုက္ကူမြို့ အမှတ် (၁) ရပ်ကွက်ရှိ သီတဂူ စက္ခုဒါန တံတားဦးဆေးရုံ တည်ဆောက်နိုင်ရေးအတွက် ပခုက္ကူမြို့ခံ ဦးသိန်းမောင်+ဒေါ် မြအုန်း တံတားဦးသစ်စက် မိသားစုက မြေနေရာ လှူဒါန်းခဲ့ပြီး မြို့ခံများက ကော်မတီများ ဖွဲ့စည်းကာ အနယ်နယ် အရပ်ရပ်မှ လှူဒါန်းငွေများဖြင့် ကျပ်သိန်း ၅၄၀၀ နီးပါး ကုန်ကျသည့် ကုတင် ၁၀၀ ဆံ့ နှစ်ထပ်ဆေးရုံ အဆောက်အအုံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
