မက်ဆီမိသားစုပိုင်ဆိုင်သည့် စားသောက်ဆိုင်သည် အာဂျင်တီးနားနိုင်ငံတွင် အိမ်ယာမဲ့များကို အစားအသောက်များ လှူဒါန်းလျက်ရှိကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
မက်ဆီမိသားစုပိုင်ဆိုင်သည့် စားသောက်ဆိုင်သည် အာဂျင်တီးနားနိုင်ငံတွင် အိမ်ယာမဲ့များကို အစားအသောက်များ လှူဒါန်းလျက်ရှိကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
လက်ရှိတွင် အာဂျင်တီးနားနိုင်ငံ၌ အအေးလှိုင်းဖြတ်သန်းမှုနှင့်ကြုံတွေ့နေရပြီး အိမ်ယာမဲ့များမှာ အစားအသောက်ဒုက္ခနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
လက်ရှိတွင် အာဂျင်တီးနား၌ စီးပွားရေးရပ်တန့်မှုနှင့် ရင်ဆိုင်နေရသဖြင့် အိမ်ယာမဲ့များမှာ ပိုမိုများပြားလာပြီး လက်ရှိ အအေးလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူ (၅)ဦးထက်မနည်းရှိကြောင်း အာဂျင်တီးနားမီဒီယာများက ဖော်ပြခဲ့ကြသည်။
မက်ဆီ၏ မွေးရပ်မြေဖြစ်သည့် အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုုတွင် မက်ဆီတို့မိသားစုသည် VIP ဟုအမည်ရသည့် စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်ထားပြီး ပြီးခဲ့သည့် ဇူလိုင်လ (၆)ရက်နေ့မှစကာ အိမ်ယာမဲ့များကို အစားအသောက်များ လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ စားသောက်ဆိုင်၏ မန်နေဂျာဖြစ်သူ အယ်လ်မာဒါက '' ကျွန်တော်တို့အနေနဲ့ အိမ်ယာမဲ့တွေကို ကော်ဖီတွေ၊ သောက်စရာတွေအပြင် ၀ိုင်တွေပါလှူဒါန်းနေပါတယ်။ အိမ်ယာမဲ့တော်တော်များများဒီမှာ အစားအသောက်တွေလာယူကြပြီး အားလုံးက လေးစားမှုအပြည့်နဲ့ ဆက်ဆံကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အိမ်ယာမဲ့တွေကို နေ့စဉ်ည (၇)နာရီကနေ (၉)နာရီအထိ (၁၅)ရက်တိုင်တိုင် လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ" ဟု Marca သတင်းစာသို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
