Top News

ဂါရတ်ဘေးလ်ကို တစ်နှစ်လစာ ယူရိုသန်း (၃၀)ဖြင့် ခေါ်ယူရန် တရုတ်စူပါလိဂ်ကလပ် ကမ်းလှမ်းခဲ့ဟု သတင်းထွက်
24htopnews | October 7, 2024 3:12 PM CST

တရုတ်စူပါလိဂ် ကလပ်အသင်းတစ်သင်းသည် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်အား တစ်နှစ်လစာ ယူရိုသန်း (၃၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း စပိန်ရုပ်သံတစ်ခုဖြစ်သည့် El Chiringuito ကထုတ်လွှင့်ခဲ့သည်။

တရုတ်စူပါလိဂ် ကလပ်အသင်းတစ်သင်းသည် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်အား တစ်နှစ်လစာ ယူရိုသန်း (၃၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း စပိန်ရုပ်သံတစ်ခုဖြစ်သည့် El Chiringuito ကထုတ်လွှင့်ခဲ့သည်။



အမည်မဖော်ပြသည့် တရုတ်စူပါလိဂ်ကလပ်တစ်ခုက ဂါရတ်ဘေးလ်ကို တစ်နှစ်လစာ ယူရိုသန်း (၃၀)ဖြင့် ယခုနွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်း ရောင်းချမည့် ကစားသမားစာရင်းတွင် ပါဝင်နေသူဖြစ်ပြီး ကစားသမားကမူ ၄င်းအနေဖြင့် အသင်းမှထွက်ခွာမည်မဟုတ်ဟု ပြောဆိုထားကြောင်းသိရသည်။

ဘေးလ်သည်  ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိစာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး တစ်နှစ်လစာ ယူရို (၁၅)သန်းရရှိနေသူဖြစ်သည်။

ယခုအခါ တရုတ်စူပါလိဂ်ကလပ်က ယင်းလစာ၏ (၂)ဆဖြစ်သော တစ်နှစ်လစာယူရိုသန်း (၃၀)ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် ဘေးလ်၏အပြောင်းအရွှေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းအပေါ်တွင် မူတည်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အလွတ်ပြောင်းရွှေ့ခွင့်ပေးမှသာ ဘေးလ်အနေဖြင့် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ 


READ NEXT
Cancel OK