Top News

ရိုးမားအသင်း၏ ကမ်းလှမ်းမှုကို ဟီဂွါအင် ပယ်ချခဲ့
24htopnews | October 7, 2024 3:12 PM CST

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဟီဂွါအင်သည် စီးရီးအေပြိုင်ဘက် ရိုးမားအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဟီဂွါအင်သည် စီးရီးအေပြိုင်ဘက် ရိုးမားအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်ရာသီက အေစီမီလန်နှင့် ချယ်လ်ဆီးအသင်းများတွင် အငှားသွားရောက်ကစားခဲ့သည့် အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင်အား ရောင်းချရန် အလိုရှိနေသော်လည်း ကစားသမားဘက်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

Sky Sport Italia ၏ဖော်ပြချက်အရ ရိုးမားအသင်းသည် ဟီဂွါအင်အားခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း ဟီဂွါအင်အနေဖြင့် နည်းပြဆာရီလက်အောက်တွင် နေရာရမည်ဟု ယုံကြည်နေပြီး ယင်းကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟီဂွါအင်သည် ၄င်း၏ သူငယ်ချင်းများကို မိမိအနေဖြင့် ဂျူဗင်တပ်စ်အသင်းတိုက်စစ်တွင် စီရော်နယ်လ်ဒိုနှင့်အတူ တွဲဖက်ကာ ခြေစွမ်းပြနိုင်ရန် ယုံကြည်မှုရှိသည်ဟု ပြောကြားခဲ့ကြောင်းလည်း Sky Sport Italia ကဖော်ပြခဲ့သည်။

သို့သော် ဂျူဗင်တပ်စ်အသင်းသည် ဟီဂွါအင်အား ရောင်းချရန် ဆန္ဒရှိနေပြီး အင်တာမီလန်တိုက်စစ်မှူး အီကာဒီအားခေါ်ယူရာတွင် အသုံးချသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။


READ NEXT
Cancel OK