PSG အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အသင်းတိုက်စစ်မှူးနေမာကို ထိုက်တန်သည့်ကမ်းလှမ်းမှုရှိလာပါက အသင်းမှထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
PSG အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အသင်းတိုက်စစ်မှူးနေမာကို ထိုက်တန်သည့်ကမ်းလှမ်းမှုရှိလာပါက အသင်းမှထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေမာသည် သတ်မှတ်ရက်အတိုင်း အသင်းနှင့် ပူးပေါင်းခဲ့ခြင်းမရှိသည့်အတွက် PSG အသင်းက ဒေါသထွက်နေပြီး ၄င်းကို ဒဏ်ရိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နေမာသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေပြီး PSG အသင်းကလည်း နေမာ၏ အပြုအမူများကို စိတ်ကုန်နေသည့်အတွက် အသင်းမှထွက်ခွာခွင့်ပြုဖွယ်ရှိနေသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။
PSG အသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ထိုက်တန်သည့်ကမ်းလှမ်းမှုသာ ရှိလာမည်ဆိုပါက နေမာကို အသင်းမှထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လီယိုနာဒိုသည် ပြီးခဲ့သည့် ဇွန်လကမှ PSG အသင်းအားကစားဒါရိုက်တာအဖြစ် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ၄င်း၏ ပထမဆုံးအင်တာဗျူးတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
လီယိုနာဒိုက '' ထိုက်တန်တဲ့ ကမ်းလှမ်းမှုသာ ရှိလာမယ်ဆိုရင် နေမာအနေနဲ့ PSG အသင်းကနေ ထွက်ခွာခွင့် ရရှိမှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းတွေ မရှိသေးပါဘူး။ ပြီးတော့ အပြောင်းအရွှေ့ကိစ္စတွေက တစ်ရက်တည်းနဲ့ ပြီးတာမျိုးမဟုတ်ပါဘူး။ ကစားသမားတစ်ဦးရဲ့အပြောင်းအရွှေ့ဟာ အဆင့်ဆင့်သွားရတာမျိုးဖြစ်ပါတယ်။ နေမာရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်ဒီလောက်ပဲ ပြောချင်ပါတယ်" ဟုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
