အာဆင်နယ်အသင်းသည် အသင်းကွင်းလယ်လူဟောင်း အီဒူးအား နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အာဆင်နယ်အသင်းသည် အသင်းကွင်းလယ်လူဟောင်း အီဒူးအား နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
အသက် (၄၁)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူဟောင်း အီဒူးသည် အာဆင်နယ်အသင်းတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ဖြစ်ပြီး သမိုင်းဝင်အောင်ပွဲဖြစ်ခဲ့သည့် ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိရယူနိုင်ခဲ့သည့် အသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။
အီဒူးက '' အာဆင်နယ်ဟာ ကျွန်တော့်ရဲ့ ရင်ထဲမှာ အမြဲတမ်းရှိနေတဲ့ အသင်းဖြစ်ပြီး ရာထူးသစ်တစ်ခုနဲ့ အသင်းကို ပြန်လာခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။ အာဆင်နယ်အသင်းဟာ လူအင်အားတောင့်တင်းပြီး ပါရမီရှိတဲ့လူငယ်ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းကို တိုးတက်အောင်ကူညီနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ" ဟုပြောကြားခဲ့သည်။
အီဒူးသည် အာဆင်နယ်အသင်းအနေဖြင့် အီမရိတ်စ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း အသင်းနည်းစနစ်ဒါရိုက်တာအဖြစ် ပထမဆုံးခန့်အပ်ခံခဲ့ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ အာဆင်နယ်အသင်းနှင့်အတူ ဇူလိုင်လ (၁၁)ရက်နေ့တွင် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
အီဒူးသည် အာဆင်နယ်အသင်း၏ အပြောင်းအရွှေ့ကိစ္စများတွင် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
