Top News

မွိုက်စ်ကိန်းကို ပေါင် (၃၁) သန်းဖြင့် ခေါ်ယူရန် အဲဗာတန်အသင်း စီစဉ်နေ 
24htopnews | October 7, 2024 3:12 PM CST

အဲဗာတန်အသင်းသည် ဂျူဗင်တပ်စ်အသင်းမှ အီတလီလူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းကို ပေါင် (၃၁) သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အဲဗာတန်အသင်းသည် ဂျူဗင်တပ်စ်အသင်းမှ အီတလီလူငယ်တိုက်စစ်မှူး မွိုက်စ်ကိန်းကို ပေါင် (၃၁) သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အဲဗာတန်အသင်းသည် ၂၀၁၇ ခုနှစ်က အသင်းတိုက်စစ်မှူး လူကာကူကို မန်အသင်းထံသို့ ရောင်းချခဲ့ပြီးနောက် ၎င်းနေရာတွင် အစားထိုးရန် တိုက်စစ်မှူးသစ်ရှာဖွေနေခဲ့ခြင်းဖြစ်ပြီး ယခုအခါ မွိုက်စ်ကိန်းကို ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဂျူဗင်တပ်စ်အသင်းသည် အသက် (၁၉) နှစ်အရွယ်ရှိ မွိုက်စ်ကိန်းအတွက် ပေါင် (၃၁) သန်းအထိ အလိုရှိနေသလို၊ ပြန်လည်ဝယ်ယူခွင့်ရှိသည်ဆိုသောအချက်ဖြင့်သာ ရောင်းချရန် ဆန္ဒရှိနေကြောင်း သိရသည်။

မွိုက်စ်ကိန်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၆-၁၇ ရာသီက ဂျူဗင်တပ်စ်အသင်းနှင့်အတူ စတင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲတွင် (၇) ဂိုးသွင်းယူပေးခဲ့ကာ နာမည်ရလာသူ ဖြစ်သည်။ 

အဲဗာတန်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းမှ အငှားလာရောက်ကစားခဲ့သည့် ဘာစီလိုနာကွင်းလယ်လူ အန်ဒရေဂိုးမက်စ်နှင့် ဟတ်ဒါဖီးလ်အသင်းဂိုးသမား လိုဆယ်လ်တို့ကို ခေါ်ယူထားပြီး ကစားသမားသစ်များ ထပ်မံခေါ်ယူနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။


READ NEXT
Cancel OK