ဂျူဗင်တပ်စ်အသင်းထံသို့ ရောက်ရှိလာသည့် PSG အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမားဟောင်း ရာဘီယူက သူသည် ဂျူဗင်တပ်စ်ဂန္ထဝင်ဂိုးသမား ဘူဖွန်၏ တိုက်တွန်းမှုများကြောင့် ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။
ရာဘီယူ နှင့် ဘူဖွန်တို့သည် ပြီးခဲ့သည့်ရာသီက PSG အသင်းတွင် အတူကစားခဲ့ကြပြီး ယခုရာသီတွင်လည်း ဂျူဗင်တပ်စ်သို့ အတူပြောင်းရွှေ့လာသူများဖြစ်သည်။
သူက ''မနှစ်ကကတည်းက သူနဲ့ကျွန်တော်စကားတွေ အများကြီးပြောခဲ့ပြီး၊ သူကလည်း ဂျူဗင်တပ်စ်ကိုပြောင်းဖို့ အကြံတွေပေးခဲ့ပါတယ်''ဟု ဆိုခဲ့သည်။
(၂၄)နှစ်အရွယ်ရှိ ရာဘီယူသည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယခုနွေရာသီအတွင်း ရမ်ဆေးပြီးနောက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဒုတိယမြောက်ခေါ်ယူမှုဖြစ်ခဲ့သည်။
ရာဘီယူအနေဖြင့် ဂျူဗင်တပ်စ်အသင်းအနေဖြင့် တစ်နှစ် ယူရို(၇)သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
