ချင်းတွင်းမြစ်ကြောင်းအတွင်း အချို့ နေရာများတွင် ရေကြောင်းကြပ်နေမှု (မြစ်ရေနည်းပါးမှု) ကြောင့် ရေယာဉ်များသည် အဆိုပါနေရာများတွင် လိုက်ပါလာသည့် ခရီးသည်များ ဆင်းတွန်းရခြင်းများ ကြုံတွေ့နေရသည်ဟု သိရသည် ။
“မနေ့တုန်းက ရိုးလာနားလေးမှာ ဆင်းတွန်းရတာ ကျွန်တော်တို့ မော်တော်ကပဲ အိတ် ၂၀၀ ကျော်ပါတယ်။ လူလည်းပါတယ်။ ဒီရာသီက ခရီးသည် နည်းနည်းပါးပါတယ်။ ကုန်ပါတော့ မော်တော်က ၀ိတ်များတာပေါ့။ ထွက်လာကတည်း မော်တော်လျှောက်လမ်း ကုန်းပတ်ကို ရေစင်နေတယ်။ ကျွန်တော်တို့က အဲဒီနားလေးမှာ သုံးနာရီလောက်ကြာတယ်။ လူ သိပ်လည်းမပါ၊ ကုန်လည်းမပါတဲ့ ရှော်တယ် တစ်စင်းကတော့ ခဏလောက်ပဲ တင်တယ်။ အဲဒီနာလေးမှာ ကုန်တင်တဲ့ ဖလက်တွဲတွေ အဲဒီနားလေးမှာ အများကြီးတွေ့ခဲ့တယ်။ အဲဒီနားလေးမှာ ရေလမ်းကောင်းအောင် လုပ်ပေးနေတာလည်း မတွေ့ဘူး။ ကျွန်တော်တို့ အောက်ကို ဆင်းတွန်းတော့ တချို့နေရာတွေက ရေအနက် ၁ ပေ တောင် မရှိဘူး။ အဆန် လက်ဝဲဘက်ကတော့ ရေနက်တယ်။ ဒါပေမဲ့ အဲဒီနားက ရေကြောင်းက ပြောင်းနေတော့ မနည်းဆင်းတွန်းရတယ်။ အနီးစပ်ဆုံးနေရာက မနူနာကုက္ကိုလ်ပင်ဆိပ်ကို လှမ်းမြင်နေရပါတယ်။ မြစ်ကြောင်း ထိန်းသိမ်းရေး ဆိုတာကလည်း လုပ်ပေးတာ တစ်ခါ မှ မမြင်ဖူးသေးဘူး” ဟု ဇန်နဝါရီ ၂၂ ရက်တွင် အဆိုပါနေရာ ရောက်ရှိခဲ့သူ ခရီးသည်တစ်ဦးက ဆိုသည် ။
ချင်းတွင်းမြစ်ကြောင်းအတွင်းတွင် ပွင့်လင်းရာသီအတွင်းတွင် ရေကြောင်းကြပ်သည့်နေရာများ ရှိလာပြီး ကုန်မော်တော်များ၊ ၀ါးဖောင်များ၊ ရေယာဉ်များ သွားလာရခက်ခဲလာပြီး ရံဖန်ရံခါ ဆင်းတွန်းကြရသည်ဟု သိ ရှိရသည် ။
ချင်းတွင်းမြစ် အထက်ပိုင်းဒေသများတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရွှေမျောလုပ်ငန်းများ၊ ကျောက်တူးဖော်ခြင်း လုပ်ငန်းများကြောင့် အဆိုပါလုပ်ငန်းများ မှ မြေစာများသည် ချင်းတွင်းမြစ်၏ ချောင်းမြောင်း လက်တက်များမှတစ်ဆင့် ချင်းတွင်း မြစ်အတွင်းသို့ အနည်းအနှစ်ပို့ချမှုများကြောင့် ချင်းတွင်းမြစ်ကြမ်းပြင်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာခဲ့သည်ဟု သိရသည် ။
“မြစ်အထက်ပိုင်းမှာရှိတဲ့ ဒေသတွေ၊ ဥပမာ ဥရုချောင်းဆိုရင် ချင်းတွင်းမြစ်အတွင်းကို စီးဝင်တာပဲ။ ဥရုမြစ် (ဥရုချောင်း) သူကိုယ်တိုင်လည်း သူ့အထက်ပိုင်းဒေသက ကျောက်လုပ်ငန်းတွေကြောင့် ဥရုမြစ်က ပျောက်လု နီးပါးပဲ ။ ထိန်းသိမ်းမှု ဆိုတာကလည်း ဘာမှ မလုပ်ဘူး။ ဥရုမြစ်တစ်ခုထဲကနေ အနည် အနှစ်ပို့ချနေတာ တစ်နှစ်တစ်နှစ် နည်းတာ မဟုတ်ဘူး ။ ချင်းတွင်းမြစ် ဘေးဝဲယာဒေသတွေမှာလည်း တောင်တွေဖြိုပြီး ရွှေမျောလုပ် ကြတာတွေရှိခဲ့တယ်။ အခုလည်း တချို့က ဆက်လုပ်နေကြဆဲပဲ ။ ဒီအနယ် အနှစ်တွေက ချင်းတွင်းမြစ်အတွင်းလာရောက် ပို့ချတာပါပဲ။ မြစ်ကြောင်းထိန်းသိမ်းရေး ဆိုတာကလည်း ထိရောက်အောင် မလုပ်တော့ ချင်းတွင်းမြစ်က တစ်နှစ်ထက် တစ်နှစ် ပိုမိုတိမ်ကောလာတာပါပဲ။ ဒါတွေကို သက်ဆိုင်ရာတွေက ထိထိရောက်ရောက် ဆောင်ရွက်ပေးသင့်ပြီ” ဟု ဒေသခံတစ်ဦးက ပြောကြားသည် ။
ချင်းတွင်းမြစ်အတွင်းရေကြောင်း ကြပ်လာမှုမှာ ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ် ပေါ်နေပြီး လာမည့် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီတို့ တွင် ယခုထက်ပိုမို၍ ရေကြောင်းသွားလာရမှု ပိုမိုဆိုးဝါးလာမည်ကို ဒေသခံများစိုးရိမ်လျက် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
