နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ငါးခုဖြင့် ဖမ်းဆီးပြီး တရားစွဲဆို ခံထားရသော ရတနာပုံတက္ကသိုလ် ကျောင်းသားများ၏ ဒုတိယအကြိမ်မြောက် ရုံးထုတ်ဖြစ်သော ဇန်နဝါရီလ ၂၃ ရက်တွင် အဆိုပါ ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ကျောင်းသားများက တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
"သူတို့ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ကျွန်တော်တို့က ငြိစွန်းတယ်လို့ ခံယူထားခြင်း မရှိဘူး။ ဒါကြောင့် တရားခွင်မှာ ပြန်လည်ချေပဖို့ မရှိပါဘူး။ ဒါပေမယ့် ပြောချင်တာတွေတော့ ရှိတယ်။ ကျောင်းသားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ သူတွေက တာဝန်ရှိစွာနဲ့ တာဝန်ခံဖို့ ပြောချင်တယ်။ ပညာသင်ကြားနေတဲ့ တက္ကသိုလ်တွေမှာ လုံခြုံးရေးလုံခြံုံမှု မရှိတော့တဲ့နောက်ပိုင်း ပညာသင်ကြားနေရတဲ့ ကျောင်းသားတွေကလည်း စိုးရွံ့စိတ်နဲ့ သင်ကြားနေရတယ်။ အဲတော့ ပညာရေးအတွက် အလားလာကောင်းဖို့ မရှိဘူး။ အဲဒီတော့ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေ တာဝန်ခံပေးကြပါ" ဟု ဖမ်းဆီးခံ ကျောင်သားတစ်ဦးဖြစ်သူ ကိုရဲမင်းထွန်းက ပြောကြားခဲ့သည်။
ကျောင်းသားတစ်ဦး လုယက် ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ မန္တလေးတိုင်းအစိုးရအဖွဲ့၏ စျာပနအခမ်းအနားပုံစံ ပြုလုပ်ပြီး ဆန္ဒပြခဲ့သည့် ရတနာပုံတက္ကသိုလ် ကျောင်းသားသုံးဦး အပါအဝင် ရှစ်ဦးအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပါသော ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ပြီး အမရပူရမြို့နယ်တရားရုံးတွင် ဒီဇင်ဘာလ ၁၁ ရက်မှ စတင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၈ ရက်က ဆန္ဒပြခဲ့သည့် ကျောင်းသား သုံးဦးကို ဖမ်းဆီးအမှုဖွင့်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်တွင် အမရပူရမြို့နယ် တရားသို့ ချုပ်ရက်ရီမန် ရယူခဲ့ကာ အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးခံရသည့် ကျောင်းသားသုံးဦးမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ (ဗကသ) မှ ဥက္ကဋ္ဌ ကျော်သီဟရဲကျော်၊ ရဲမျိုးဆွေနှင့် ရဲမင်းထွန်းတို့ သုံးဦးတို့အား ပြန်လွှတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်းသား လေးဦးကိုလည်း
ဇန်နဝါရီလ ၂ ရက်တွင် ထပ်မံ ဖမ်းဆီးခံခဲ့သည်။ ထပ်မံ ဖမ်းဆီးခဲ့သည့် ကျောင်းသား လေးဦးမှာ ကိုမျိုးချစ်ဇော်၊ ကိုရဲလင်းအောင်၊ ကိုဘုန်းမြင့်ကျော် ၊ကိုနေဝင်းကျော်တို့ ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် ရုံးချိန်းတွင် " တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှုမရှိလို့ ကျောင်းသားပြည်သူတွေ သတ်ခံနေရတယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဘယ်လဲ ဘာလဲ၊ တာဝန်ခံမှု တာဝန်ယူမှု ဘယ်မှှာလဲ၊ တရားခံ ဘယ်မှာလဲ တရားခံ ဘယ်သူလဲ၊ ဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ် စသည့် စာသားများပါ ဗီနိုင်းများ ကိုင်ဆောင်ပြီး ကျောင်းပေါင်း ငါးခုခန့်မှ ကျောင်းသားများက တရားရုံးတွင်း ဆန္ဒပြ တောင်းဆိုခဲ့သည်။
ထို့ပြင် ဖမ်းဆီးခံထားရသော ကျောင်းသားများကလည်း တရားခွင်အတွင်းတွင် ကျောင်းသားများ သေဆုံးမှုနှင့် ပတ်သက်ပြီး နောက်တစ်ကြိမ် မည်သူဖြစ်မလဲဆိုသော စာရွက်များ ကိုင်ဆောင်ကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။
၂၀၁၇-၂၀၁၈ တွင် ဆိုင်ကယ်စီးရေ ၂၀ ကျော် ပျောက်ဆုံးခဲ့ခြင်း၊ ကျောင်းသူတစ်ယောက် ကျောင်းတွင်းထဲတွင်ပင် ဆေးတို့ ခေါ်ခံသွားရသဖြင့် မုံရွာထိ ပါသွားခဲ့ခြင်းတို့ကြောင် တက္ကသိုလ်တွင် လုံခြုံမှုမရှိဘူး ဆိုတာ ပြနေကြောင်း စသည်တို့ကြောင့် လုံခြုံရေး တိုးမြှင့်ပေးရန်အတွက် ရတနာပုံတက္ကသိုလ် ကျောင်းသားများက လေးကြိမ်တိတိ ဆန္ဒပြ တောင်းဆိုခဲ့သည်။
ထိုသို့ တောင်းဆိုနေစဉ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကန်ဘောင်ဘေးထိုင် စကားပြောနေသည့် ကျောင်းသားတစ်ဦးနှင့် သူငယ်ချင်း မိန်းကလေးတစ်ဦးတို့ကို အုပ်စုဖွဲ့ ဓားဖြင့်ထိုး လုယက်ခဲ့မှုကြောင့် အဆိုပါ ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား မောင်စိုးမိုးဟိန်း သေဆုံးခဲ့ရသည်။
ဒီဇင်ဘာလ ၆ ရက်ကလည်း ရတနာပုံ ဆိုင်ဘာစီးတီးမှ ကျောင်းသားကျောင်းသူ နှစ်ဦး ရိုက်နှက်ခံရပြီး ကျောင်းသားမှာလည်း သေဆုံးခဲ့ရသည်။
၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းကလည်း ကျောက်ဆည် စက်မှုလက်မှုသိပ္ပံမှ ကျောင်းသားတစ်ဦးလည်း အလားတူဖြစ်ဉ်မျိုးဖြင့် သေဆုံးခဲ့ရသည်။
ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုစိုးမိုးဟိန်း သတ်ခံရသည့်ဖြစ်စဉ်မှ တရားခံကို ယခုချိန်ထိ ဖမ်းမမိသေးသော်လည်း ကျောင်းသား သတ်ခံရသဖြင့် အစိုးရအဖွဲ့ စျာပနပုံစံ မီးရှိုု့ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများကိုမူ ဖမ်းဆီးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
