ရန်ကုန်မြို့အတွင်း ဆိုင်ကယ် စီးနင်းခွင့် မရှိသည့် မြို့နယ် ၃၃ မြို့နယ်၌ ဒေသန္တရ လိုအပ်ချက်အရ ဆိုင်ကယ်စီးနင်းခွင့် ပြုသင့်၊ မပြုသင့် ဆွေးနွေးဆဲသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီး အစိုးရ၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
ရန်ကုန်မြို့၌ ဆိုင်ကယ်စီးနင်းခွင့် မရှိသည့် ၃၃ မြို့နယ်အတွင်း တရားမဝင် ဆိုင်ကယ်စီးနင်းမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီး အစိုးရ၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီနှင့် YRTA မှ တာဝန်ရှိသူ၊ ယာဉ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စည်ပင်သာယာမှ တာဝန်ရှိသူများက ပုလဲခန်းမတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပြည်သူလူထု တကယ်အခက်အခဲ ဖြစ်နေတဲ့ နေရာဒေသတွေ၊ ၃၃ မြို့နယ်ထဲမှာ အမှန်တကယ် အခက်အခဲ ကြုံတွေ့နေရသော နေရာဒေသတွေမှာ နေရာ သတ်မှတ်ပြီးတော့ ဒေသန္တရ လိုအပ်ချက်အရ နေရာသတ်မှတ်ပြီး စီးနင်းခွင့် ပြုသင့် မပြုသင့်ဆိုတာကို စတင်ဆွေးနွေးတုန်းပဲ ရှိပါသေးတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
ရန်ကုန်မြို့၌ ဆိုင်ကယ်စီးနင်းခွင့် မရှိသည့် မြို့နယ် ၃၃ မြို့ နယ်အတွင်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မရှိကြောင်း ချမှတ်ထားပြီး ဖြစ်သော်လည်း စီးနင်းမှုများ ရှိသည်ကိုတွေ့ရှိရသဖြင့် ယင်းအပေါ်မူတည်၍ အကောင်းဆုံး သုံးသပ် ဆွေးနွေးလျက် ရှိကြောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုလဲမြို့သစ်၊ ရွှေပြည်သာမြို့နယ် စသည့်အချို့နေရာများတွင် နယ်မြေဒေသ သတ်မှတ်၍ ဆိုင်ကယ်စီးခွင့်ပေးသင့် မပေးသင့် ဆွေးနွေးဆဲဖြစ်ကြောင်း ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
ထို့ပြင် မြို့နယ် ၃၃ မြို့နယ်အတွင်း ဒေသန္တရ လိုအပ်ချက်အရ ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆွေးနွေးရာတွင် ကော်မတီအနေဖြင့် ဒေသန္တရ လိုအပ်ချက်အရ နယ်မြေ သတ်မှတ်၍ ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး၊ စီးနင်းခွင့်ပြုပြီးပါက ဆိုင်ကယ်အစီးရေ သတ်မှတ်ရေး၊ တရားဝင် ဆိုင်ကယ်ဖြစ်ရေး၊ အမှန်တကယ် ပြည်သူအတွက် အခွန်ရရှိရေးစသည့် အချက်များ ဆွေးနွေးမည် ဖြစ်သည်။
ရန်ကုန်မြို့အတွင်း သွားလာရေး ခက်ခဲရရှိသည့် မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်အချို့က ဆွေးနွေးတင်ပြမှုများ ရှိခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် စီးနင်းမှုကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှ၂၀၁၈ ခုနှစ် ကြားကာလ ခြောက်လအတွင်း စည်ပင်သာယာရေးဥပဒေဖြင့် တရားစွဲဆိုမှု ၂၂၆၅ မှုရှိပြီး ကျပ်သိန်းပေါင်း တစ်ထောင်ကျော် ဒဏ်ကြေးရိုက် အရေးယူခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၃ ရက် မြောက်နေ့တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အမိန့်အမှတ် ၂/၂၀၁၇ တွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များမှအပ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ မော်တော်ဆိုင်ကယ် စီးခြင်း၊ ဝင်ရောက်ခြင်း မပြုရနှင့် မည်သူမဆို အမိန့်ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
