မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် လက်တွေ့ကျသော ငြိမ်း ချမ်းရေးတို့ကို အဖြေရှာရန် ဆွေးနွေးမှုပြန် လည်စတင်ရေးကို ဆွေးနွေးရန် အာဆီယံ၏လက်ရှိ ဥက္ကဋ္ဌတာဝန်ကို ရယူထားသော လာအိုနိုင်ငံက နိုင်ငံတကာညီလာခံတစ်ရပ်ကို လက်ခံကျင်းပမည်ဟု သိရ သည်။
ယင်းညီလာခံသည် အကျပ်အတည်းနှင့် စပ်လျဉ်း၍ဒေသတွင်း စီမံခန့်ခွဲမှုအတွက် လည်းကောင်း၊၂၀၂၁ ခုနှစ်တွင် တပ်မတော် က နိုင်ငံတော်အာဏာကိုလွှဲပြောင်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း နစကနှင့် လက်နက်ကိုင်အဖွဲ့များအကြားဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက် မှုများအတွက်လည်းကောင်း အဆင့် တစ်ရပ်ဖြစ်သည်။
မြန်မာ့အရေးကိစ္စတွင် မြန်မာပြည်တွင်းပစ်ခတ်တိုက်ခိုက်မှုများသည် အိမ်နီးချင်းနိုင်ငံများတွင် လူမှု ရေးနှင့်စီးပွားရေးတို့ကို သက်ရောက်စေသည့် အပြင် ဒုက္ခသည်များ ပေါ်လာမှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
နိုင်ငံတကာ ညီလာခံကို မြန်မာ့ အရေးအတွက် သံတမန်ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများ ဆက်လက်ဆောင်ရွက်ရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလထဲတွင် ဖွဲ့စည်း ခဲ့သော သုံးနိုင်ငံအဖွဲ့ဝင်များဖြစ်သော အင် ဒိုနီးရှား၊ မလေးရှားတို့နှင့်အတူ ပူးပေါင်း၍ လာအိုက လက်ခံကျင်းပမည်ဖြစ်သည်။
ညီလာခံကျင်းပမည့်ကြေညာချက်ကို အောက်တိုဘာ ၃ ရက်တွင် ဗီယန်ကျင်း၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန် ကြီးများအစည်းအဝေးတွင် လာအိုနိုင်ငံခြားရေး ဝန်ကြီးက ကြေညာခဲ့ခြင်းသည်။ ညီလာခံ ကျင်းပမည့်ရက်ကို ဖော်ပြခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံတွင် တပ်မတော်က နိုင်ငံတော် အာဏာကို လွဲှယူပြီးနောက် အာဆီယံခေါင်း ဆောင်များက မြန်မာ့အရေးနှင့်သက်ဆိုင် သော ဘုံသဘောတူညီချက်ငါးရပ်ကို ၂၀၂၁ ခုနှစ်ထဲတွင် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှု ချက်ချင်းရပ်ရန်၊ ငြိမ်းချမ်းသောအဖြေကို ရှာရန် အပြုသဘောဆောင်သော စေ့စပ် ဆွေးနွေးမှု စတင်ရန် ဆော်သြခဲ့သည့်အပြင် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်ကို အထောက် အကူဖြစ်စေရန် အာဆီယံအထူးသံတမန် ခန့်အပ်ရန်၊ အာဆီယံအထူးသံတမန်ကို လက်ခံရန် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီများပေးအပ်ရန် အာဆီယံအတွက် အခွင့်အလမ်းနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင် ရာအဖွဲ့များနှင့်တွေ့ဆုံရေးအတွက် အာဆီ ယံအထူးသံတမန်၏ မကြာမကြာလာရောက် သောခရီးစဉ်များကိုလည်း တောင်းဆိုခဲ့သည်။
မြန်မာအစိုးရအဖွဲ့အကြီးအကဲနှင့် နိုင်ငံခြား ရေးဝန်ကြီးတို့ကို ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံထိပ်သီးညီလာခံနှင့်အာဆီယံ နိုင် ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲတို့ကို တက်ရောက်ခွင့်မပြုခဲ့ပေ။
“အာဆီယံဘုံသဘောတူညီချက်ငါးရပ် ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိပါဘူး။ ဒါကြောင့် အာဆီယံ နိုင် ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးပွဲ တွေနဲ့အာဆီယံထိပ်သီးညီလာခံတို့မှာ မြန် မာနိုင်ငံရဲ့ပါဝင်တက်ရောက်မှုဟာ နိုင်ငံရေး နဲ့မသက်ဆိုင်တဲ့အဆင့်ကလူတွေပဲဖြစ်နေရ တာဖြစ်ပါတယ် ” ဟု အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး ရတ်တနိုအာဆူဒီက ပြောကြား ခဲ့သည်။
တပ်မတော်နှင့် အတိုက်အခံအင် အားစုတို့သည် အာဆီယံအဆိုပြုချက်ထဲမှ အဓိကအချက်ဖြစ်သည့် စေ့စပ်ဆွေးနွေးပွဲကို တက်ရောက်ရန် ငြင်းဆန်ထားကြသည်ဟု မာဆူဒီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
