ပုံးအင်းဒေသတစ်နေရာတွင် ရေကြီးနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ရှမ်းပြည်နယ် (တောင်ပိုင်း) ပုံးအင်းဒေသရှိ ရေနစ်မြုပ်ကျေးရွာများတွင် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေးအကူအညီ များစွာလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့နယ် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အကြား တွင် တည်ရှိသော နောင်မွန်ရှမ်းဆန်များ စိုက်ပျိုးရာ ပုံးအင်းဒေသတွင် သြဂုတ်လမှ စတင်၍ ရေကြီးနစ်မြုပ်နေသဖြင့် စပါးခင်းများ ပျက်စီးခြင်းနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။
ပုံးအင်းဒေသတွင် ရေကြီးနစ်မြုပ်ခြင်းကြောင့် မျိုးစပါးပင် ပြန်မရတော့ဘဲ ပျက်စီးခဲ့ခြင်းဖြစ်ကာ စပါးစိုက်ဧကပေါင်း ၃၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ပုံးအင်းဒေသတွင် ရေမြုပ်နေသော ကျေး ရွာပေါင်း ၂၀ ကျော်ရှိပြီး အကူအညီများစွာ လိုအပ်နေသော ကျေးရွာများမှာ ဆည်လဲ၊ နောင် စန့်၊ ပန်လွန်နှင့် ပန်မွန်းရွာတို့ ဖြစ်ကြောင်း သိရသည်။
ပုံးအင်းဒေသတွင် စိုက်ပျိုးသော စပါးတစ်ဧကလျှင် အရင်းအနှီး ကုန်ကျစရိတ် ၁၅ သိန်းကျော်ရှိနိုင်ပြီး စပါးရင့်မှည့်ခါနီး ရေနစ် မြုပ်ခဲ့ရသဖြင့် မျိုးစပါးပင် မရတော့ဘဲ အား လုံးပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။ ထို့ကြောင့် လာမည့်နှစ်တွင် ပြန်လည် စိုက်ပျိုးရန်အတွက် စိုက်ပျိုးရင်းနှီးကုန်ကျစ ရိတ် လိုအပ်ချက်အတွက် တွေးပူနေရကြောင်း နောင်စန့်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ယခုအခါ ပုံးအင်းဒေသတွင် ရေနစ်မြုပ် နေသော ကျေးရွာများမှ ဒေသခံများသည် အလုပ်လက်မဲ့ ဖြစ်နေကြသဖြင့် အလှူရှင်များ လာရောက်လှူဒါန်းသည့် စားနပ်ရိက္ခာများ ကိုသာ မှီခိုအားထားနေရပြီး ရေနစ်မြုပ်ကျေး ရွာများအတွက် စားနပ်ရိက္ခာ ဆန်၊ဆီ၊ ဆေး၊ ဆား အဓိကလိုအပ်နေကြောင်း နောင်စန့် ကျေးရွာမှ တာဝန်ခံတစ်ဦးက ဆိုသည်။
ပုံးအင်းဒေသတွင် ယခုနှစ်ကဲ့သို့ ဆိုး ရွားစွာ ရေကြီးနစ်မြုပ်မှုမကြုံဖူးကြောင်း ဒေ သခံများက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
