ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ( AFF Women Championship 2024)ကို ဝင်ရောက် ယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်း ဆက်တိုက်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း ဖူဆယ်ကော်မတီထံမှ သိရသည်။
အာဆီယံ အမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို နိုဝင်ဘာ (၁၆)ရက်မှ (၂၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသမီအသင်းကို နိုဝင်ဘာ(၇)ရက်နေ့အထိ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းကို MFF Women’s Futsal Invitation Cup 2024 ပြိုင်ပွဲမှ ကစားသမား (၂၆) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး နည်းပြချုပ် အဖြစ် ဦးဌေးမြင့်မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
အာဆီယံ အမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်မှုများကို ပြီးခဲ့သောစက်တင်ဘာ (၃၀) ရက် က စတင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ပုံစာ-ယနေ့ အောက်တိုဘာ (၇)ရက်တွင် လေ့ကျင့်ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
