ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကားလမ်းတချို့တွင် ယခုပထမအပတ်အတွင်း မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်နေကာ ကားအစီးရေများစွာ ပိတ်မိနေကြောင်း သိရသည်။
“ကုန်တင်ကားတွေ အများကြီးပဲ၊ တန်းစီနေတာ၊ ဗွက်အိုင်တွေ ရွှံ့အိုင်တွေ ထိန်းမောင်းရင်း ရှေ့က တစီးပျက် နောက်က တန်းပိတ်တော့တာ၊ စစ်ဆေးရေးဂိတ်တွေက စစ်တာလည်း ကြာတော့ ကားတွေတန်းကုန်တယ်” ဟု ဆီဘောက်ဆာ ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
မိုးရွာသွန်းမှု နောက်ဆက်တွဲဖြင့် နောင်ချိုမြို့နယ်၊ ဆမ္မဆယ် – လွန်းကျော်ကွင်းလမ်း၌ လမ်းပျက်နေပြီး လားရှိုးမြို့နယ်၊ နမ့်လန်နှင့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူလမ်း (နမ့်လမ် – ကျောက်ဂူလမ်း)မှ လမ်းလွှဲသွားကြသူများလည်း လမ်းအခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်း သိရသည်။
“ဗွက်ထဲနစ်တဲ့ကားတွေ၊ မှောက်နေတဲ့ကားတွေ၊ ခေါင်းချင်းဆိုင် တိုးနေတဲ့ကားတွေ အများကြီးပဲ။ မလွတ်နိုင်သေးဘူး” ဟုယာဉ်မောင်းတစ်ဦးက ပြောသည်။
ယင်းအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေကာ ထိုလမ်းပိုင်းများ၌ ကားအသေးလည်း သွားလာလို့ မရကာ ကုန်ပစ္စည်းအပြည့် တင်ဆောင်ထားသည့် ကုန်ကားများလည်း တိမ်းမှောက်နိုင်သောကြောင့် လတ်တလော သွားလာကြသူများအနေဖြင့် လမ်းအခြေအနေ သေချာစုံစမ်းကြရန် ယာဉ်မောင်းများက သတိပေးထားသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
