ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲတစ်နှစ်ပြည့်နှစ်ပတ်လည်အဖြစ် အောက်တိုဘာ ၅ ရက်တွင် ဝါရှင်တန်မှ လော့စ်အိန်ဂျလိစ့်အထိ အမေရိကန်မြို့များ၌ ထောင်နှင့်ချီသောလူများ ချီတက်ဆန္ဒထုတ်ဖော်ချိန် အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် မီးရှို့ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမာ့စ်သည် အစ္စရေးကို တိုက်ခိုက်မှုကြောင့် အရပ်သားအများစု အပါအဝင် လူ ၁၂၀၅ ဦး သေဆုံးခဲ့ကာ လူပေါင်းများစွာ ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။
ယင်းအချိန်ကတည်း ဂါဇာတွင် အစ္စရေး၏ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် ပါလက်စတိုင်းဒေသခံ ၄၁၈၂၅ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဝါရှင်တန်တွင် အိမ်ဖြူတော်အပြင်ဘက်နှင့် ဒေါသဖြစ်နေသော ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် အမေရိကန်စစ်တပ်နှင့် အခြားနိုင်ငံများအနေဖြင့် မဟာမိတ်အစ္စရေးကို အကူအညီပေးနေမှုအား အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများသည် ပါလက်စတိုင်းနှင့် လက်ဘနွန်အလံများကို ဝှေ့ယမ်းကိုင်ဆောင်ထားကြကာ အများစုသည် ပါလက်စတိုင်း တို့နှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။
ဆန္ဒပြမှု နှစ်နာရီနီးပါးအကြာတွင် အမျိုးသားတစ်ဦးသည် ဆန္ဒပြသည့်နေရာသို့ ချဉ်းကပ်လာခဲ့ပြီး မိမိကိုယ်ကိုယ်မီးရှို့ရန် ကြိုးပမ်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့သည်။
ထိုအမျိုးသားသည် ၎င်း၏ဘယ်ဘက်လက်ကို မီးစွဲလောင်စေရန် ရှို့နိုင်ခဲ့ပြီး အနီးအနားရှိ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့က ၎င်းကို ရေနှင့် မီးသတ်ဆေးဘူးများသုံးကာ မီးငြိမ်းသတ်ပေးခဲ့ရသည်။
"ကျွန်တော်က သတင်းထောက်တစ်ဦးပါ။ ကျွန်တော်ဒါကို လျစ်လျူရှုထားရတယ်။ကျွန်တော်တို့ သတင်းအမှားတွေ ဖြန့်ဝေနေရတယ်"ဟု ဘယ်ဘက်လက်မီးစွဲလောင်နေချိန် နာကျင်နေသည့်ကြားမှ ထိုအမျိုးသားက အော်ဟစ်ပြောကြားခဲ့သည်။
ထိုအမျိုးသားသည် ဆေးကုသမှုခံယူခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
