နာပိုလီအသင်း၏ အီတလီလူမျိုးနည်းပြ ကွန်တီက မိမိတို့အနေဖြင့် လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးနေရာ၌ရပ်တည်နေသော်လည်း ချန်ပီယံဆုအတွက် တိကျတိကျကျခန့်မှန်းပြောဆိုရန် စောနေသေးသည်ဟု ပြောကြားခဲ့သည်။
ဂျူဗင်တပ်စ်၊ အင်တာမီလန်အစရှိသည့် စီးရီးအေထိပ်တန်းအသင်းကြီးများကိုကွယ်တိုင်ခဲ့သူ ကွန်တီ (၅၅ နှစ်)သည် နာပိုလီအသင်းအား ပြီးခဲ့သည့် ၂၀၂၄ နွေရာသီက စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီတွင်ပင် အသင်းအတွက်သိသာထင်ရှားသည့် တိုးတက်မှုရရှိစေရန် လုပ်ဆောင်ပေးခဲ့သူဖြစ်သည်။
နာပိုလီအသင်းသည် ကွန်တီလက်အောက် ယခုရာသီစီးရီးအေပွဲစဉ် (၇)အပြီးတွင် ရှုံးပွဲတစ်ပွဲသာကြုံတွေ့ထားပြီး (၅)ပွဲနိုင်၊ (၁) ပွဲသရေ ရမှတ် (၁၆)မှတ်ဖြင့် အမှတ်ပေးထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိနေပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ အေစီမီလန်အသင်းတို့နှင့်အပြိုင် စကူဒက်တိုချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည်။
လက်ရှိ နာပိုလီအသင်းနှင့်ပတ်သက်ပြီး စကူဒက်တိုချန်ပီယံဆုရယူရန် မျှော်လင့်ထားခြင်းရှိ၊ မရှိ မေးမြန်းမှုအပေါ် ကွန်တီက '' နေပယ်လ်မြို့ဟာ အလွန်ကျေနပ်နှစ်သက်စရာကောင်းပါတယ်။ ကျွန်တော်ကတော့ လက်ရှိမှာ ဆုဖလားတွေယူဖို့ထက် နေပယ်လ်မြို့၊ နာပိုလီအသင်းတွေနဲ့ ပိုပြီးအသားကျအောင် ဘယ်လိုလုပ်ဆောင်ရမလဲဘဲ စဉ်းစားနေတာပါ။ ကျွန်တော်တို့ထက် ရေပန်းစားတဲ့အသင်းတွေ အများကြီး ရှိနေသေးပြီး အခွင့်အရေးရရင်တော့ လိုချင်ပါတယ်'' ဟုဖြေကြားခဲ့သည်။
ထို့ပြင် နာပိုလီအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ထပ်ခေါ်ရန် စီစဉ်နေပြီး ခံစစ်ပိုင်းအတွက် အဓိကအားဖြည့်သွားရန်ရည်ရွယ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
