ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးစပ်နေပြီဖြစ်သည့် အီဂျစ်တိုက်စစ်မှူး ဆာလာနှင့် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်တို့ကို ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရသည်။
ယင်းကစားသမားနှစ်ဦးစလုံးမှာ လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် အသက်(၃၂) နှစ်ရှိပြီဖြစ်သည့် ဆာလာနှင့် အသက်(၃၃)နှစ်ရှိပြီဖြစ်သည့် ဗန်ဒိုက်တို့ကို သက်တမ်းတိုးရန် ချီတုံချတုံဖြစ်နေသည့်အတွက် အယ်လ်ဟီလာအသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ထိပ်တန်းကစားသမားနှစ်ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။
ဆာလာနှင့် ဗန်ဒိုက်တို့သည် ပြီးခဲ့သည့်နွေရာသီကတည်းက ဆော်ဒီကလပ်များထံမှ ကမ်းလှမ်းမှုများကို လက်ခံရရှိခဲ့ဖူးသူများ ဖြစ်သည်။
စီရော်နယ်လ်ဒို ဦးဆောင်ကစားနေသည့် အယ်လ်နာဆာအသင်းသည် ဗန်ဒိုက်ကို နောက်ခံလူများထဲ၌ လစာနှုန်းထားအမြင့်ဆုံးဖြစ်စေမည့်ပမာဏဖြင့် ချဉ်းကပ်စည်းရုံးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
