ဘာစီလိုနာအသင်း၏ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက မိမိိတို့အသင်းအနေဖြင့် ယခုတစ်ပတ်အတွင်းယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပိုမိုသန်မာလာမည်ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
ဘာစီလိုနာအသင်းသည် နိုင်ငံတကာပွဲစဉ်များမတိုင်မီတွင် လာလီဂါအမှတ်ပေးဇယားအား အမှတ်ဖြတ်ဦးဆောင်ထားပြီး ရီးယဲလ်မက်ဒရစ်၏နောက် ချန်ပီယံဆုအတွက် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
ဘာစီလိုနာအသင်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး လီဝန်ဒေါစကီးက ''နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဒဏ်ရာရကစားသမားတွေ ပြန်လည်သက်သာလာတော့မှာဖြစ်သလို၊ ကျွန်တော်တို့အသင်းအနေနဲ့ လက်ရှိထက် ပိုမိုသန်မာတဲ့အသင်းအဖြစ် ပြန်လာနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟုပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် လက်ရှိလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာတွင်ရပ်နေသော်လည်း ဒဏ်ရာရကစားသမားများပြားနေပြီး စတီဂန်၊ အာရူဟို၊ အော်လ်မို၊ ဖာမင်လိုပက်ဇ်၊ ခရစ္စတန်ဆန်နှင့် ဘာနယ်လ်အစရှိသည့် အဓိက ကစားသမားများကို ဆုံးရှုံးထားရကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
