လက်ရှိနည်းပြ တန်ဟက်ဂ်၏လက်ထက်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရခြင်းအတွက် ဒေါသထွက်နေသော မန်ယူပရိသတ်အချို့က တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ရန် အချိန်ဆွဲမနေသင့်ဟု လူမှုကွန်ရက်မှတစ်ဆင့် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
မန်ယူအသင်းသည် လက်ရှိအချိန်တွင် ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဂိုးမသွင်းနိုင်သည့်ပွဲမှာလည်း (၃)ပွဲရှိခဲ့သည်။
အက်စတွန်ဗီလာနှင့်ပွဲတွင်လည်း ပုံစံကောင်းပြသနိုင်ခြင်းမရှိသည့်အတွက် ၎င်းကို ရာထူးမှထုတ်ပယ်သင့်ပြီဟု အဆိုပါပရိသတ်များက ယူဆနေခြင်းဖြစ်သည်။
ပရိသတ်တစ်ဦးက ''INEOS အနေနဲ့ တန်ဟက်ဂ်ကို ရာထူးကမထုတ်ဘူးဆိုရင် သူတို့ဟာ ဂလေဇာမိသားစုထက်တောင် ဆိုးတဲ့သူတွေဖြစ်သွားပါလိမ့်မယ်''ဟု X တွင် ရေးသားခဲ့သည်။
အခြားပရိသတ်တစ်ဦးကလည်း ''ဂိုးပေါက်တောင် ခြိမ်းခြောက်နိုင်စွမ်းမရှိသလောက်ဖြစ်ခဲ့တဲ့ စွမ်းဆောင်ရည်က ရှက်စရာပါပဲ။ အချိန်ဆွဲမနေဘဲ အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ'' ဟု ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
