Top News

အီတလီဂန္ထဝင် မာလ်ဒီနီ၏သားဖြစ်သူ ဒန်နီယဲလ်မာလ်ဒီနီ အီတလီလက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရ
24htopnews | October 7, 2024 5:12 PM CST

 

အီတလီဂန္ထဝင်နောက်ခံလူ ပေါ်လိုမာလ်ဒီနီ၏သားဖြစ်သူ ဒန်နီယဲလ်မာလ်ဒီနီ သည် အီတလီလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၂၂ နှစ်ရှိပြီဖြစ်သူ ကွင်းလယ်တိုက်စစ်ကစားသမား မာလ်ဒီနီသည် စီးရီးအေကလပ် မွန်ဇာအသင်း၌ ကစားနေသူဖြစ်ပြီး ဖခင်ဖြစ်သူနှင့် အဘိုးဖြစ်သူ၏ခြေရာကို နင်းနိုင်ခဲ့ပြီဖြစ်သည်။ 

၎င်း၏အဘိုးဖြစ်သူ ဆီဆာမာလ်ဒီနီမှာ အီတလီအသင်းအတွက် ၁၉၆၀ မှ ၁၉၆၃ ခုနှစ်အတွင်း ၁၄ ပွဲကစားခွင့်ရဖူးပြီး နည်းပြအဖြစ်လည်း ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့သည်။ 

ဖခင်ဖြစ်သူ ပေါ်လိုမာလ်ဒီနီမှာလည်း အီတလီအသင်းခေါင်းဆောင်ဖြစ်ပြီး ၁၉၈၈ မှ ၂၀၀၂ ခုနှစ်အထိ ၁၂၆ ပွဲကစား၊ ခုနစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းမှာ ဒုတိယမြောက်သားဖြစ်ပြီး ဖခင်ကဲ့သို့ပင် အေစီမီလန်အကယ်ဒမီထွက် ကစားသမားဖြစ်ကြောင်း သိရသည်။

အီတလီအသင်းသည် UEFA Nations League ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ အစ္စရေး အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK