လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်အနေဖြင့် ပဲလေ့စ်အသင်းနှင့်ပွဲတွင်ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ အာနယ်ဆလော့က အတည်ပြုပြောကြားခဲ့သည်။
ဘရာဇီးလက်ရွေးစင်ကစားသမားဖြစ်သူ အယ်လစ်ဆန် (၃၂ နှစ်) သည် အောက်တိုဘာ ၅ ရက်က ပဲလေ့စ်အသင်းအား အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ယာဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၇၉ မိနစ်တွင် လူစားလဲခဲ့ရသည်။
ယင်းပွဲတွင် ဒုတိယဂိုးသမားဖြစ်သူ ကိုအင်ဟင်းကယ်လာဟာမှာ နေမကောင်းသဖြင့် မပါဝင်နိုင်သောကြောင့် တတိယဂိုးသမားဖြစ်သူ ဗီဂျက်ဆလက်ဗ်ယာရော့ချ် (၂၃ နှစ်) က အစားထိုးဝင်ရောက်ကစားခဲ့ရသည်။
"ကစားသမားတစ်ယောက်က အဲဒီလို ပုံစံနဲ့ထွက်သွားရရင် ဆိုလိုတာက ဘရာဇီးလ် လူစာရင်းမှာ သူမပါနိုင်တော့ပါဘူး။ (ဘရာဇီးလ်အသင်း၏) ပထမပွဲအပြီးမှာ သူပါဝင်နိုင်ဖို့ ကျွန်တော်မမျှော်လင့်ထားပါဘူး။ ရက်သတ္တပတ်နည်းနည်းလောက် အချိန်ယူရနိုင်တယ်။ အယ်လစ်ဆန်က ကျွန်တော်တို့ရဲ့ နံပါတ် ၁ ဂိုးသမားပါ။ သူက ကမ္ဘာ့အကောင်းဆုံးဂိုးသမားလည်း ဟုတ်ပါတယ်။ ဒီဒဏ်ရာက သူကိုယ်တိုင်အတွက်ရော အသင်းအတွက်ပါ ထိုးနှက်ချက်ပါပဲ" ဟု ဆလော့က ပြောကြားခဲ့သည်။
သို့ဖြစ်ရာ အယ်လစ်ဆန်အနေဖြင့် ယခု ဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားမည့် ဘရာဇီးလ်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) ကလည်း ပွဲစဉ်နှစ်ပွဲစလုံးကို အယ်လစ်ဆန်လွဲချော်မည်ဟု လီဗာပူးလ် အသင်းထံမှ အကြောင်းကြားမှုရရှိကြောင်း ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
