တားမြစ်ဆေးကျရှုံးမှုကြောင့် လေးနှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါလ်ပေါ့ဘာ၏ပြစ်ဒဏ်ကို အားကစားခုံရုံး (CAS) က ၁၈ လသို့လျှော့ချပေးကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပေါ့ဘာ (၃၁ နှစ်) သည် ၂၀၂၃-၂၀၂၄ စီးရီးအေရာသီအဖွင့်ပွဲစဉ်ဖြစ်သည့် အူဒီးနီးစ် - ဂျူဗင်တပ်စ်ပွဲအပြီး ကျပန်းဆေးစစ်မှုပြုလုပ်ရာတွင် ဟော်မုန်းဓာတ်မြှင့်တင်ပေးသည့်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှစ၍ ပွဲပယ်ခံထားရခြင်းဖြစ်သည်။
၎င်းအနေဖြင့် B Sample စစ်ဆေးမှုတွင်လည်း တားမြစ်ဆေးကျရှုံးကြောင်း အတည်ပြုခဲ့သဖြင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံး (NADO) က ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ပေါ့ဘာက ယင်းပြစ်ဒဏ်ကို CAS ထံ အယူခံဝင်ရာ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ၁၈ လသို့ လျှော့ချပေးခဲ့သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ဇန်နဝါရီတွင် လေ့ကျင့်မှုအစီအစဉ် များ ပြန်လည်စတင်၍ မတ်လတွင် ဘောလုံးကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
"နောက်ဆုံးတော့ အိပ်မက်ဆိုးတွေ ပြီးသွားပါပြီ။ ကိုယ့်ရဲ့အိပ်မက်တွေနောက် နောက်တစ်ကြိမ်လိုက်နိုင်မယ့်နေ့ကို ကျွန်တော်မျှော်လင့်နိုင်ပါပြီ။ ဆရာဝန်ညွှန်ကြားတဲ့ အာဟာရဖြည့်စွက်စာတွေ သောက်တဲ့အချိန် မှာ ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေး အေ ဂျင်စီရဲ့စည်းမျဉ်းတွေ ချိုးဖောက်မိတယ်ဆိုတာ မသိခဲ့ဘူးလို့ ကျွန်တော်အမြဲပြောဖူးပါတယ်။ အဲဒါတွေက အမျိုးသားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း မရှိပါဘူး။ ဒီပြစ်ဒဏ်က ပြင်းထန်တယ်ဆိုတာ လက်ခံပေမဲ့ ကျွန်တော်က ရိုးသားစွာကစားတာပါ။ ကျွန်တော့်ရဲ့ရှင်းပြမှုကို နားထောင်ပေးခဲ့တဲ့ CAS က အားကစားတရားသူကြီးတွေကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ဖော်ပြလိုပါတယ်။ ဒီကာလက ကျွန်တော့်ဘဝအတွက် အရမ်းစိတ်ပျက်စရာကောင်းတဲ့ ကာလတစ်ခုပါ" ဟု ပေါ့ဘာက ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
