ပရိသတ်များနှင့် ရန်ပွဲဖြစ်ပွားမှုကြောင့် ပွဲပယ်ပြစ်ဒဏ်(၅)ပွဲ ချမှတ်ခံထားရသော ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် အားကစားခုံရုံး(CAS) ထံ အယူခံတင်သွင်းခဲ့ပြီးနောက် ပွဲပယ်ပြစ်ဒဏ်ကို ယာယီလျှော့ချပေးခဲ့သည့်အတွက် ယခုလ ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ပါဝင်ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။
ဒါဝင်နူးနက်ဇ်သည် ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်၌ ကိုလံဘီယာအသင်းနှင့် ယှဉ်ပြိုင်စဉ် ပြိုင်ဘက်ပရိသတ်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရန်ပွဲ၌ ပွဲကြည့်စင်ပေါ်သို့တက်၍ ပရိသတ်များအား ထိုးကြိတ်နေသော ဒါဝင်နူးနက်ဇ်၏ရုပ်ပုံများမှာ မီဒီယာများစွာတွင် ပျံ့နှံ့ခဲ့သည်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ရန်ပွဲတွင် ပါဝင်ခဲ့သည့် ဥရုဂွေးကစားသမား (၅)ဦးကို ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေးများ ချမှတ်ခဲ့ရာ ဒါဝင်နူးနက်ဇ်သည် ပွဲပယ်ပြစ်ဒဏ် (၅)ပွဲနှင့် ဒဏ်ကြေးဒေါ်လာ(၂၀၀၀၀) ချမှတ်ခံခဲ့ရသည်။
ယင်းအတွက် ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က CAS ထံ အယူခံဝင်ခဲ့ရာ ပွဲပယ်ပြစ်ဒဏ်ကို ယာယီလျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒါဝင်နူးနက်ဇ်သည် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်၏ ပွဲပယ်ပြစ်ဒဏ်ကြောင့် စက်တင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သည့် ပါရာဂွေး၊ ဗင်နီဇွဲလားတို့နှင့် ပွဲများကို လွဲချော်ခဲ့ရသည်။
၎င်းအနေဖြင့် ပွဲပယ်ပြစ်ဒဏ် (၃)ပွဲ ကျခံရန် ကျန်ရှိနေသေးသော်လည်း ယခုအခါ CAS ၏ ဆုံးဖြတ်ချက်အရ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
CAS က ဒါဝင်နူးနက်ဇ်တို့၏ ရန်ပွဲဖြစ်ရပ်ကို ပြန်လည်ဆန်းစစ်မှု ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်ကျခံသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါက ဒါဝင်နူးနက်ဇ်အနေဖြင့် ကျန်ရှိသည့် ပွဲပယ်ပြစ်ဒဏ်များကို ပြန်လည်ကျခံသွားရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
