ကျန်းမာရေးဝန်ကြီးဌာနနှင့် JICA တို့အကြား Grant Agreement လက်မှတ်ရေးထိုး အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော လမ်းမတော်မြို့နယ်ရှိ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်း ပြီးစီးပါက ဦးနှောက်နှင့် အာရုံကြောရောဂါများကို အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ စီမံကိန်းသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က အောက်တိုဘာ (၆)ရက်မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံတည်ဆောက်ရန် JICA က အမေရိကန်ဒေါ်လာ (၇၇)သန်း ထောက်ပံ့ကာ တည်ဆောက်ခဲ့ပြီး ကျန်ရှိသည့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ (၂၇) သန်းကို မြန်မာဘက်က ကျခံပေးရမည်ဖြစ်ကြောင်း သိရသည်။
၎င်းဆေးရုံတွင် အထပ် (၇) ထပ်ပါဝင်ပြီး (၂၇၀၀၀) စတုရန်းမီတာ ရှိသည့် အဆောက်အဦတွင် ခုတင် (၃၁၆) ခု ပါဝင်ကြောင်းနှင့် ICU အခန်း တစ်ခုစီတွင် ခုတင် (၂၀) ကျော် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက နိုင်ငံတကာအဆင့်မီ ဆေးရုံဒီဇိုင်းနှင့် ဆေးရုံသုံးပစ္စည်းများ ပါဝင်သောနှလုံး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံကြီးအဖြစ် ရပ်တည်ကာ ပြည်သူလူထုအား အရည်အသွေးပြည့်ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
