ဉာဏ်တော်ကြီးမားထင်ရှားသည့် နတ်မော်ရှင်သာလျောင်းဘုရားကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်ရှိ အဆိုပါဘုရားကြီး၌ သီတင်းကျွတ်ပွဲတော်ကို အောက်တိုဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်သည်။
"လဆန်း(၁၄)ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ ဆီမီးပူဇော်မှုပြုလုပ်ပါမယ်။ တစ်ညကို ဆီမီး(၃၀၀၀)နဲ့ သုံးရက်ပေါင်း ဆီမီး(၉၀၀၀)ပူဇော်ပါမယ်။ လပြည့်ကျော် တစ်ရက်နေ့မှာတော့ ကျောင်းတိုက်ပေါင်း (၆၆)ကျောင်းက သံဃာတော်ပေါင်း (၄၀၀)ကျော်ကို ဆွမ်းဆက်ကပ်လှူဒါန်းဖို့ရှိပါတယ်။ ပြီးရင် အနယ်နယ်အရပ်ရပ်က အလှူရှင်များရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ နတ်မော်ဘုရားကြီးကနေ နတ်မော်ရေနံမြေအထိလမ်းတစ်လျှောက်မှာ ဆွမ်းဆန်တော်နဲ့ လှူဖွယ်အစုစုကို အများစုပေါင်းလောင်းလှူကြမှာဖြစ်ပါတယ်။ ဆွမ်းဆန်စိမ်းလောင်းလှူမှုက ၇၇ နှစ် မြောက်ရှိပါပြီ။ သီတင်းကျွတ်ပွဲတော်မှာ ပျော်ပွဲရွှင်ပွဲတွေတော့ ပါဝင်မှာ မဟုတ်ပါဘူး"ဟု ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်သန်းက ဖြေကြားသည်။
တိလောကဥသျှောင် နတ်မော်ရှင်သာလျောင်းဘုရားကြီးသည် ဉာဏ်တော်(၁၆၈)တောင် တစ်မိုက်ရှိပြီး မြန်မာနိုင်ငံ၌ဉာဏ်တော်ကြီးမားသည့် ဘုရားများအနက် ထင်ရှားသည့်တစ်ဆူဖြစ်သည်။
အောင်ကျော်မျိုး(ဟင်္သာတ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
